ဟောင်ကောင်မှာ လူပေါင်း ၉၀ ကျော် သေဆုံးပြီး အများအပြားပျောက်ဆုံးစေခဲ့တဲ့ မီးလောင်မှုဖြစ်ခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်ရဲ့ MAMA Awards ကို မရွှေ့ဆိုင်းဘဲ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲရဲ့ Red Carpet ကိုတော့ ဖျက်သိမ်းသွားမှာဖြစ်ပြီး အခမ်းအနားကိုတော့ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
ဆုပေးပွဲကို ကန့်သတ်ချက်နဲ့ ကျင်းပသွားမှာဖြစ်ပြီး ကြေကွဲဖွယ်ရာဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရတဲ့သူတွေအတွက် ငြိမ်သက်ခြင်းအခိုက်အတန့်လည်းပါဝင်သွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက အတည်ပြုပေးခဲ့တာပါ။ မီးဘေးသင့်ခဲ့သူတွေနဲ့ ထပ်တူထပ်မျှဝမ်းနည်းရကြောင်း၊ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေအတွက် နှလုံးသားထဲကနေ ထပ်တူထပ်မျှဝမ်းနည်းရပါကြောင်းဆိုထားပါတယ်။ မီးဘေးသင့်ခဲ့ရတဲ့သူတွေကို အားပေးပံ့ပိုးတဲ့အနေနဲ့ လှူဒါန်းမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒီကြေကွဲဖွယ်ရာအဖြစ်အပျက်ကြောင့် ပွဲမှာ ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ဟောင်ကောင်အဆိုအဖွဲ့ Mirror၊ အစီအစဉ်တင်ဆက်သူတွေအဖြစ် ဆောင်ရွက်ဖို့ လုပ်ထားတဲ့ ဟောင်ကောင်မင်းသားကြီး ချောင်ယွန်းဖက်၊ မင်းသမီး မီရှဲလ်ယိုးတို့ကတော့ ဒီဆုပေးပွဲကို တက်ရောက်ဖြစ်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။
Ref: 2025 MAMA Awards in Hong Kong still proceeding despite fire tragedy, will have ‘restrained production’
WL (ရိုးရာလေး)

