Valentines Day နေ့မှာ အသည်းပုံ အမှတ်အသားလေးနဲ့ မွေးဖွားလာခဲ့တဲ့ နွားပေါက်လေး

yyl-001-4.jpg

Valentines Day (ချစ်သူများနေ့) မှာ တိရစ္ဆာန်လေးတစ်ကောင်ကတော့ အမှတ်တရဖြစ်စေမယ့် အမှတ်အသားလေးနဲ့ ထူးထူးခြားခြားမွေးဖွားလာခဲ့ပါတယ်။ နွားပေါက်လေးဟာ သူ့ရဲ့နဖူးမှာ အသည်းပုံအမှတ်အသားလေးနဲ့ Country Antrim ရဲ့ လယ်ကွင်းတစ်ခုမှာ ဖေဖော်ဝါရီ (၁၄) ရက်နေ့က ဖွေးဖွားလာခဲ့ပြီး လူမှုကွန်ယက်ပေါ်မှာ ဒီအကြောင်းက နေရာယူလို့ထားပါတယ်။

နွားပေါက်လေးမွေးဖွားလာတာ ချစ်သူများနေ့လည်းဖြစ်၊ အသည်းပုံအမှတ်အသားလေးလည်း နဖူးမှာပါလာတဲ့အတွက် တချို့အင်တာနက်အသုံးပြုသူတွေက ဒီတိရစ္ဆာန်လေးအတွက် ကံကောင်းမှုတစ်ခုပါပဲလို့ ပြောခဲ့ကြပါတယ်။ ဒီနွားပေါက်လေးကို “Be My Valentine” လို့အမည်ပေးမှာဖြစ်တယ်လို့ သတင်းမီဒီယာတွေအရ သိရပါတယ်။ နွားပေါက်လေး မွေးဖွားခဲ့တဲ့ Parkshaw လယ်ကွင်းက လယ်သမား ဂျိမ်းစ် မက်အော်လေး (James McAuley) က နှစ်တစ်နှစ်ရဲ့ရိုမန်တစ်အဖြစ်ဆုံးနေ့ရဲ့ မနက်ခင်းမှာ မွေးဖွားလာခဲ့ပြီး နွားပေါက်လေးရဲ့ခန္ဓာကိုယ်မှာ ထင်ရှားတဲ့အမှတ်အသားပါလာတဲ့အတွက် အံ့သြမင်သက်ခဲ့ရတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာသတင်းမီဒီယာတွေမှာ နွားပေါက်လေးအကြောင်းကို ပြောနေကြရင်းနဲ့ပဲ ဂျိမ်းစ်က Be My Valentine လို့ တိရစ္ဆာန်မျိုးတွေမြင်ဖူးပါတယ်။ ဒါပေမဲ့ မွေးဖွားတဲ့ရက်ပဲမတူတာပါလို့ ပြောပါတယ်။ သူက ရုပ်လုပ်ငန်းစာအုပ်မှာတောင် နွားပေါက်လေးကို Be My Valentine ဆိုတဲ့နာမည်နဲ့ စာရင်းသွင်းပြီးသွားပါပြီ။ ဂျိမ်းစ်ရဲ့ကလေးတွေကိုလည်း နွားပေါက်လေးနဲ့အတူဆော့ကစားနေတာကို ပုံတွေထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

နွားပေါက်လေးက သူ့ရဲ့ကလေးတွေအတွက် ကစားဖော်ကစားဖက်ဖြစ်လာခဲ့တယ်လို့ ဂျိမ်းက ပြောပါတယ်။ ပုံတွေထဲမှာ မြင်တွေ့ရတာကတော့ ကလေးတွေကလည်း နွားပေါက်လေးကို တော်တော်လေးချစ်မြတ်နိုးတဲ့ပုံပါပဲ။ နွားပေါက်လေးက အခုဆိုရင် အင်တာနက်ပေါ်မှာ ဆယ်လီဖြစ်လာခဲ့တဲ့အတွက်လည်း အံ့အားသင့်ရတယ်လို့လည်း ဂျိမ်းစ်က ဆိုပါတယ်။ Valentine Day နေ့မှာမှ နွားပေါက်လေးဟာ အသည်းပုံအမှတ်အသားလေးနဲ့ မွေးဖွားလာတယ်ဆိုတာက ဆန်းကြယ်တယ်လို့ ပြောရမှာပါပဲ။

Ref: Calf Born With Perfect Heart-shaped Mark On Its Forehead On Valentines Day

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top