ကွန်ပြူတာနဲ့ စက်ပစ္စည်းတွေကို ထိန်းချုပ်နိုင်တဲ့ Chip ကို ဦးနှောက်ထဲထည့်သွင်းထားတဲ့ ပထမဆုံးလူနာက သူ့စိတ်နဲ့ Video Gameတွေကစားနိုင်ပြီ

22.3.24-yyl-2.jpg

အီလွန်မာ့စ်ထည်ထောင်ထားတဲ့ Neuralink ရဲ့ ကွန်ပြူတာနဲ့ စက်ပစ္စည်းတွေကို ထိန်းချုပ်နိုင်တဲ့ Chip ကို ဦးနှောက်ထဲ ထည့်သွင်းထားတဲ့ ပထမဆုံးလူနာဟာ ခွဲစိတ်ကုသမှုခံယူပြီး ၂ လနီးပါးအကြာမှာ သူ့ရဲ့အတွေ့အကြုံတွေကို ချပြနေပါတယ်။ နိုလန် အာဘော့ချ်ကို ဦးနှောက်အတွင်း ကွန်ပြူတာနဲ့ စက်ပစ္စည်းတွေကို ထိန်းချုပ်နိုင်တဲ့ Chip ကို ထည့်ထားတဲ့သူအဖြစ် ဇန်နဝါရီလကုန်လောက်က မိတ်ဆက်ပေးခဲ့တာပါ။

အသက် ၂၉ နှစ်အရွယ် နိုလန်က ရေငုပ်တာမှာ မတော်တဆဖြစ်ပြီး ၈ နှစ်ကြာ ပခုံးအောက်ပိုင်းကနေ လေဖြတ်သွားခဲ့တာပါ။ Neuralink အင်ဂျင်နီယာတစ်ယောက်နဲ့ နိုလန်တို့ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း နိုလန်က သူ့ရဲ့စိတ်နဲ့ သူ့ရဲ့ကွန်ပျူတာမှာ စစ်တုရင်ကစားတာလို တချို့သောလုပ်ငန်းဆောင်တာတွေပြုလုပ်နိုင်တယ်ဆိုတာကို သရုပ်ပြသခဲ့ပါတယ်။

နိုလန်က သူ့ဦးနှောက်ကို အသုံးပြုပြီး နောက်ခံမှာ ဖွင့်ထားတဲ့ သီချင်းကို ခေတ္တရပ်ပြခဲ့ပါတယ်။ ခွဲစိတ်ကုသပြီးတဲ့နောက် သူက Civilization VI ဂိမ်းကိုလည်း ကစားလေ့ရှိပြီး ၈ နာရီဆက်တိုက်ကစားခဲ့တာပါ။ ဇန်နဝါရီလက ခွဲစိတ်ကုသမှုက အရမ်းလွယ်ကူပြီး ၁ ရက်အကြာမှာ ဆေးရုံက ဆင်းခဲ့ရတယ်လို့ နိုလန်ရဲ့ပြောစကားအရ သိရပါတယ်။

Neuralink က လူသားတွေမှာ brain chip ထည့်သွင်းစမ်းသပ်ဖို့ ၂၀၂၃ ခုနှစ် မေလမှာ အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲမှုရဲ့ခွင့်ပြုချက်ရရှိခဲ့တာပါ။

Ref: First Patient with Neuralink Brain Chip Can Play Video Games with His Mind:

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top