ဆီးတွေထည့်ထားတဲ့ ရေနွေးကြမ်းဘူးကို စတိုးဆိုင်ရဲ့အဖျော်ယမကာရောင်းတဲ့နေရာမှာ ထားခဲ့တဲ့ အမျိုးသား

japan.jpg

ဂျပန်နိုင်ငံ၊ ချိဘခရိုင်က အသက် ၂၆ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ မသမာတဲ့နည်းလမ်းနဲ့ စီးပွားရေးလုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ သူဟာ စတိုးဆိုင်တစ်ဆိုင်ရဲ့ အဖျော်ယမကာတွေထားတဲ့အအေးခန်းမှာ သူ့ရဲ့ဆီးတွေထည့်ထားတဲ့ ရေနွေးကြမ်းဘူးကို ထည့်ခဲ့လို့ပါပဲ။ အဲ့လိုလုပ်ရပ်ကို မေလ ၂၄ ရက်နေ့၊ မနက် ၁၁ နာရီ ၅၀ မိနစ်အချိန်မှာလုပ်ခဲ့တာပါ။

မေလ ၂၆ ရက်နေ့မနက်ခင်းမှာ ဈေးဝယ်သူတစ်ဦးက အဲ့ဒီဘူးကို ဝယ်ယူသွားခဲ့ပါတယ်။ ညနေခင်းလောက်မှာ အဲ့ဒီဘူးကို သောက်တော့မယ့်အချိန်မှာ ဘူးထဲကနေ အနံ့တစ်ခုထွက်လာခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ကို စတိုးဆိုင်ကို အသိပေးခဲ့ကာ ရဲကို တိုင်ကြားခဲံပါတယ်။

ဆိုင်က သူတို့ရဲ့ကုန်ပစ္စည်းတွေအားလုံးကို စစ်ဆေးခဲ့ရပြီး ဒီဖြစ်စဉ်က စီးပွားရေးလုပ်ငန်းကို အနှောင့်အယှက်ဖြစ်သွားစေခဲ့ပါတယ်။ နောက်ဆုံးမှာ ရဲတွေက သံသယရှိသူကို ရှာတွေ့ခဲ့ပြီး အဲ့ဒီသူက သူ့ရဲ့လုပ်ရပ်အတွက် ဝန်ခံခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အလုပ်မှာ အဆင်မပြေတာဖြစ်ခဲ့တဲ့အတွက် ခံစားချက်ကို ဖြေလျော့ဖို့ စနောက်တဲ့အနေနဲ့ လုပ်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

သူက အန္တရာယ်မဖြစ်တဲ့နောက်ပြောင်မှုတစ်ခုအနေနဲ့ ရည်ရွယ်ခဲ့တာဖြစ်ပေမဲ့ ဆိုင်က ကုန်ပစ္စည်းတွေကို စစ်ဆေးခဲ့ရပြီး လုပ်ငန်းလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေကာ ကိစ္စကြီးသွားစေခဲ့တာကို သိခဲ့ရတယ်လို့ သူက ပြောထားပါတယ်။ အဲ့ဒီအမျိုးသားက မသမာတဲ့နည်းလမ်းနဲ့ စီးပွားရေးအနှောင့်အယှက်ပေးမှုနဲ့ စွဲချက်တင်ခံထားရပြီး ရဲတွေကလည်း နောက်ထပ်စွဲချက်တင်ဖို့ စဉ်းစားနေပါတယ်။ သူ့ရဲ့လုပ်ရပ်တွေကြောင့် လူထုက မကျေမနပ်ဖြစ်နေပါတယ်။ အာဏာပိုင်တွေက အနာဂတ်မှာ အလားတူနောက်ပြောင်မှုတွေမဖြစ်အောင် မူဝါဒတွေကို ပြန်လည်သုံးသပ်နေပါတယ်။

Ref: Japan man, 26, puts tea bottle filled with pee into convenience store fridge

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top