ဖလော်ရီဒါပြည်နယ်မှာ ဦးနှောက်စား အမီးဘားပိုး ကူးစက်မှုဖြစ်ပွား

6-7-2020-yyl-013.jpg

ဖလော်ရီဒါပြည်နယ်မှာ ဦးနှောက်ကို စားသောက်တတ်တဲ့ ရှားပါးအမီးဘားပိုး ကူးစက်ခံမှုဖြစ်ပွားခဲ့တယ်လို့ အရာရှိတွေက အတည်ပြုခဲ့ပါတယ်။ ဟေးဘရော့ဂျ်ကောင်တီမှာ နေထိုင်သူတစ်ယောက်ဟာ ဦးနှောက်စား အမီးဘားပိုးဖြစ်တဲ့ နာဂလီရီယာဖောလာရီ (Naegleria fowleri) ကူးစက်ခံခဲ့ရတာလို့ ဖလော်ရီဒါပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အရမ်းသေးငယ်ပြီး ဆဲလ်တစ်မျိုးပဲပါတဲ့ အမီးဘားပိုးဟာ ဦးနှောက်ကို ကူးစက်စေနိုင်ပြီး အသက်ဆုံးရှုံးစေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ပူနွေးတဲ့ ရေချိုထဲမှာ တွေ့ရလေ့ရှိတဲ့ အမီးဘားဟာ နှာခေါင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်လေ့ရှိပါတယ်။

ဘယ်နေရာကနေ အမီးဘားပိုး ကူးစက်ခံရတာလဲ၊ ကူးစက်ခံရတဲ့ လူနာအခြေအနေ ဘယ်လိုရှိလဲဆိုတာကိုတော့ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့ခြင်းမရှိပါဘူး။ အမီးဘားပိုးဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်ခြင်းမရှိပါဘူး။ ပုံမှန်အားဖြင့် အမေရိကန်နိုင်ငံ တောင်ပိုင်းပြည်နယ်တွေမှာ အမီးဘားပိုး ကူးစက်မှုဖြစ်ပွားလေ့ရှိပေမဲ့ ဖလော်ရီဒါပြည်နယ်မှာတော့ ကူးစက်ခံရလေ့နည်းပါတယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အမီးဘားပိုး ကူးစက်မှု ၃၇ ခုပဲ ရှိခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top