အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်း ၃ ခုဝင်ခဲ့တဲ့ အသက်အငယ်ဆုံးမင်းသားဖြစ်လာတဲ့ တီမိုတေး ရှာလာမက်

prize.jpg

လာမည့် ၉၈ ကြိမ်မြောက် အော်စကာဆုပေးပွဲ (အကယ်ဒမီဆုပေးပွဲ) မှာ မင်းသား တီမိုတေးရှာလာမက်ဟာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ သူက Marty Supreme ဇာတ်ကားမှာ စားပွဲတင်တင်းနစ်ကစားသမား Marty Mauser ဇာတ်ရုပ်နဲ့ သူ့ရဲ့ ပထမဆုံးအော်စကာဆုရရှိနိုင်မယ့်သူအဖြစ် ဆန်ကာတင်စာရင်းမှာ ခိုင်မာစွာရပ်တည်နေပါတယ်။

တီမိုတေးဟာ အသက် ၃၀ အရွယ်မှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်း ၃ ခုဝင်ခဲ့တဲ့ အသက်အငယ်ဆုံးအမျိုးသားသရုပ်ဆောင်ဖြစ်လာခဲ့ပါတယ်။ သူဟာ Academy, BAFTA နဲ့ Golden Globe ဆုပေးပွဲတွေမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တာပါ။ သူက Golden Globe ဆုပေးပွဲမှာတော့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့ပြီး ကျန်တဲ့ ဆုပေးပွဲ ၂ ခုမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရမရ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

သူက အခုနှစ်ရဲ့အကောင်းဆုံးအမျိုးသားဆုပြိုင်ပွဲမှာ လီယိုနာဒို ဒီကာပရီယို (One Battle After Another ဇာတ်ကား)၊ အီသန် ဟော့ခ် (Blue Moon ဇာတ်ကား)၊ မိုက်ကယ် ဘီ ဂျော်ဒန် (Sinners)၊ ဝက်ဂ်နာ မိုရာ (The Secret Agent ဇာတ်ကား) တို့နဲ့အတူ ဆန်ကာတင်စာရင်းဝင်ခဲ့တာပါ။

တီမိုတေး ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ Mary Supreme ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးသရုပ်ဆောင်ရွေးချယ်မှုဆု၊ အကောင်းဆုံးမူရင်းဇာတ်ညွှန်းဆု၊ အကောင်းဆုံးဝတ်စုံဒီဇိုင်းဆု၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု၊ အကောင်းဆုံးထုတ်လုပ်ရေးဒီဇိုင်းဆုနဲ့ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုတွေအတွက်လည်း ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။

တီမိုတေးဟာ အော်စကာဆုကို ရရှိခဲ့မယ်ဆိုရင် သူဟာ အကယ်ဒမီဆုပေးပွဲသမိုင်းမှာ ဒုတိယအငယ်ဆုံးအကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရှင်ဖြစ်လာမှာဖြစ်ပါတယ်။ နောက်ဆုံးအော်စကာမဲပေးမှုကို ၂၀၂၆ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေ မတ်လ ၅ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး ၉၈ ကြိမ်မြောက်အကယ်ဒမီဆုပေးပွဲကို မတ်လ ၁၅ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

Ref: Timothee Chalamet Creates History, Becomes Youngest Actor With Three Nominations

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top