သားသမီးတွေအပေါ် မိဘတွေရဲ့မေတ္တာက အဆုံးအစမရှိအောင် ကြီးမားလွန်းတယ်ဆိုတာကို ဗြိတိန်အဘွားအို အဒါကီယာတင်က သက်သေပြခဲ့ပါတယ်။ အဘွားအို ကီယာတင်ဟာ အသက် ၉၈ နှစ်အရွယ်ရှိပေမဲ့ ကျန်းမာရေး အင်မတန်ကောင်းသူပါ။
ကီယာတင်ဟာ သားဖြစ်သူ တွမ်နဲ့အတူ နေထိုင်ပြီး တွမ်ကတော့ အသက် ၈၀ ဝန်းကျင် ရှိပါပြီ။ တွမ်ဟာ အိမ်ထောင် မရှိတဲ့ လူပျိုကြီးဖြစ်ပြီး သူ့ကျန်းမာရေးအခြေအနေ ဆိုးရွားလာချိန်မှာတော့ ဘိုးဘွားရိပ်သာကို ရွှေ့ပြောင်းနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီအချိန်မှာ သားဖြစ်သူကို စိတ်မချတဲ့ ကီယာတင်ကပါ ဘိုးဘွားရိပ်သာကို ရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ ကီယာတင်ဟာ ဘိုးဘွားရိပ်သာမှာလည်း သားဖြစ်သူကို အရိပ်တကြည့်ကြည့် ကြည့်နေတတ်ပြီး သားနဲ့အတူ တီဗီ ကြည့်တာ၊ ဂိမ်းကစားတာမျိုး၊ အတူ စားသောက်တာမျိုး လုပ်ပေးလေ့ရှိပါတယ်။ သူဟာ ဘိုးဘွားရိပ်သာမှာ အေးချမ်းစွာ နေထိုင်ဖို့ လာတဲ့ပုံစံမျိုး မဟုတ်ဘဲ သားဖြစ်သူကို မျက်စိအောက်မှ အပျောက်မခံနိုင်လို့ အနီးကပ် လာရောက်ကြည့်ရှုစောင့်ရှောက်ပေးတဲ့ ပုံစံမျိုးပါ။
၂၀၂၀ ပြည့်နှစ်မှာတော့ တွမ် ကွယ်လွန်ခဲ့ပြီး နောက်တစ်နှစ်မှာတော့ ကီယာတင် ကွယ်လွန်သွားခဲ့တာပါ။
Ref: Mum and son reunited in Liverpool care home
NZ (ရိုးရာလေး)

