အီတလီဂန္ထဝင်ဒီဇိုင်နာ ဂူချီ ဝင်စားတယ်ဆိုတဲ့ ၇ နှစ်သား ဒီဇိုင်နာ

23.5.2023-yyl-9.jpg

အသက် ၄ နှစ်အရွယ်ကတည်းက အမျိုးသမီးဝတ်စုံတွေ စတင်ချုပ်လုပ်ခဲ့တဲ့ အမေရိကန်ဒီဇိုင်နာ မက်အလက်ဇန္ဒားကတော့ အခုဆိုရင် အမေရိကန် မင်းသမီးကြီး ရှရွန်စတုန်းအတွက်ပါ ဂျက်ကတ် ချုပ်ပေးခွင့် ရခဲ့ပါပြီ။ အခုမှ သူ့အသက် ၇ နှစ်ပဲ ရှိပါသေးတယ်။

၂၀၂၁ ခုနှစ်က မိသားစု ညစာစားပွဲမှာ မက်အလက်ဇန္ဒားက အဝတ်အထည် လုပ်ငန်းသုံး အရုပ်မတွေ လိုချင်တယ်လို့ သူ့အမေကို ပူဆာခဲ့တာပါ။ စစချင်းတော့ သူ့အမေလည်း လျှောက်ပြောနေတယ်လို့ပဲ ထင်ခဲ့တာပါ။ ဒါပေမဲ့ သူ့ကို အရုပ်မတွေ ဝယ်ပေးရင် အဝတ်အစားတွေ ချုပ်ပြမယ်လို့ မက်က သူ့အမေကို ကတိပေးခဲ့ပါတယ်။

မက်က သူ့အမေဆီကနေ စက်ချုပ် သင်ပါတယ်။ အထည် အမျိုးအစား ခွဲတာ၊ အရောင်အသွေး ရွေးတာ အစရှိတာတွေကို သင်ယူခဲ့ပါတယ်။ မက်က အမျိုးသမီးဝတ်စုံတွေ စချုပ်ချိန်မှာ သူ့မိဘတွေက ခဏတာ စိတ်ဝင်စားမှုလို့ပဲ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ ၃ နှစ်တိုင်တိုင် မက်ရဲ့ စိတ်ဝင်စားမှု မပြောင်းလဲတဲ့နောက်မှာတော့ ဖက်ရှင်ဒီဇိုင်းက သူ့ဝါသနာပဲလို့ ယုံကြည်ခဲ့ကြတာပါ။

မက်ရဲ့မိဘတွေက အဝတ်အထည်ဒီဇိုင်း နယ်ပယ်ထဲက မဟုတ်ပေမဲ့ သူ့အဘိုး၊ အဘွားတွေက ကနေဒါနိုင်ငံ၊ မွန်ရီယယ်မြို့မှာ ဖက်ရှင်ဒီဇိုင်းလုပ်ငန်း လုပ်ကြတာကြောင့် မက်ရဲ့ သွေးသားထဲမှာ ဖက်ရှင်ကို စိတ်ဝင်စားမှု စီးဆင်းနေတာလို့ သူ့မိဘတွေက ယုံကြည်ကြပါတယ်။ မက်ဟာ People မဂ္ဂဇင်းနဲ့ အင်တာဗျူးအစီအစဉ်မှာ အီတလီဂန္ထဝင်ဒီဇိုင်နာ ဂူချီ ဝင်စားတာလို့ ထုတ်ပြောခဲ့ပြီး တစ်နေ့နေ့ကျရင် ဂူချီဖက်ရှင်ကုမ္ပဏီရဲ့ အကြီးအကဲ ဖြစ်လာဖို့ မျှော်မှန်းနေပါတယ်။

မက်ရဲ့ ဖက်ရှင်ဒီဇိုင်တွေကို နိုင်ငံအများအပြားမှာ ရောင်းချနေပြီဖြစ်ပြီး သူ့ကို ဝတ်စုံအပ်သူတွေထဲမှာ အမေရိကန်မင်းသမီးကြီး ရှရွန်စတုန်းတောင် ပါဝင်ပါတယ်။

Ref: 7-Year-Old Fashion Designer Claims to Be Gucci Reincarnated

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top