အထူးပညာရေးဆရာမက မသန်စွမ်းကျောင်းသူလေးနဲ့အတူ မာရသွန်ပြေးပေးခဲ့

12.5.2023-yyl-12.jpg

အထူးပညာရေးဆရာမဖြစ်တဲ့ ဆာဗန်နာ ဘာတန် နဲ့ သူ့ရဲ့ကျောင်းသူလေး ဆိုဖီတို့ဟာ မေလ ၇ ရက်နေ့က Pittsburgh Half Marathon ကို ပြေးခဲ့ကြတယ်။ ကျောင်းသူလေး ဆိုဖီက အသံမဲ့ဆက်သွယ်သူတစ်ယောက်ဖြစ်တဲ့အပြင် လမ်းလျှောက်ရာမှာ အကူအညီလိုတဲ့ မသန်စွမ်းသူတစ်ယောက်ပါ။

ဆရာမ ဆာဗန်နာက ဆိုဖီနဲ့အတူ ၁၃.၁ မိုင် ပြေးခဲ့တာပါ။ ပြိုင်ပွဲတစ်ဝက်ကျော်ကျော်လောက်ကတော့ ဆိုဖီကို တွန်းလှည်းနဲ့ခေါ်ပြီး ပြေးခဲ့ပေမဲ့ နောက်ပိုင်း ပန်းတိုင်ရောက်ခါနီးမှာ သူ့အကူအညီနဲ့ တွဲပြီး ပြေးခဲ့တာပါ။

သူတို့နှစ်ဦးက ၂ နာရီနဲ့ ၄၃ မိနစ်မှာ မာရသွန်ပြေးတာပြီးဆုံးခဲ့ပါတယ်။ “ကျွန်မတို့ ခက်ခဲတဲ့အရာတွေ လုပ်နိုင်ခဲ့ပြီ။ ကျွန်မရဲ့ချစ်စရာကောင်မလေးအတွက် အရမ်းဂုဏ်ယူပါတယ်”လို့ ဆရာမဆာဗန်နာဟာ အပြေးပြိုင်ပွဲနေ့က ပုံတွေနဲ့ လူမှုကွန်ယက်အကောင့်မှာ မျှဝေခဲ့တာပါ။

Ref: Special education teacher runs half-marathon with student

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top