ဖင်လန်နိုင်ငံရဲ့ အစိုးရကျောင်း သင်ရိုးညွှန်းတမ်းတွေမှာ မီဒီယာပညာရပ်ကို ထည့်သွင်းသင်ကြားပေးလျက်ရှိပြီး သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်မှု အန္တရာယ်ကို တွန်းလှန်တိုက်ဖျက်နိုင်အောင် ကြိုးပမ်းလျက် ရှိပါတယ်။
ဖင်လန်နိုင်ငံမှာ အတန်းငယ်တွေကနေ စပြီး သတင်းတု ဟုတ်၊ မဟုတ် ဘယ်လိုစစ်ဆေးမလဲ။ သတင်းရင်းမြစ် ခိုင်လုံမှု ရှိ၊ မရှိ၊ ဘက်လိုက်ဖော်ပြခြင်း ရှိ၊ မရှိ၊ သတင်းမှားတွေ ဘယ်လိုပုံစံနဲ့ ပျံ့နှံ့လေ့ရှိလဲ စတဲ့အချက်တွေကို သင်ကြားပေးလျက် ရှိပါတယ်။
ဖင်လန်နိုင်ငံဟာ သတင်းတုတွေကို တွန်းလှန်တိုက်ဖျက်ရာမှာ ထိရောက် အောင်မြင်မှုအရှိဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက စပြီး အစိုးရကျောင်း သင်ရိုးညွှန်းတမ်းတွေမှာ မီဒီယာပညာရပ်ကို ထည့်သွင်းသင်ကြားလာခဲ့တာ ဖြစ်ပါတယ်။
Ref: How Finland starts its fight against fake news in primary schools
NZ (ရိုးရာလေး)

