Amazon အတွက် It Takes Two ဂိမ်းကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးမယ့် ဇာတ်ကားကို ထုတ်လုပ်ပေးသွားမယ့် ဒွိန်းဂျွန်ဆန်

21-4-2022-yyl-01.jpg

လူ ၂ ဦး ကစားရတဲ့ It Takes Two ဂိမ်းကတော့ Amazon မှာ အက်ရှင်မင်းသားကြီး ဒွိန်းဂျွန်ဆန် The Rockရဲ့ Seven Bucks Production က dj Entertainment နဲ့ ပူးပေါင်းပြီး ထုတ်လုပ်မယ့် ရုပ်ရှင်ကားအနေနဲ့ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ The Rock၊ ဒါနီ ဂါဆီယား (Dany Gacia) နဲ့ ဟီရမ် ဂါဆီယား (Hiram Garcia) တို့က Seven Bucks ကိုယ်စား ဒီရုပ်ရှင်ပရောဂျက်ကို ထုတ်လုပ်သွားတော့မှာပါ။

အဲဒီဇာတ်ကားမှာ The Rock ပါဝင်သရုပ်ဆောင်နိုင်ဖွယ်ရှိပေမဲ့ အတည်ပြုထားခြင်းမရှိပါဘူး။ ပတ် ကာဆေး (Pat Casey) နဲ့ ဂျို့ချ် မေးလ်လာ (Josh Miller) တို့က ဇာတ်ညွှန်းရေးသားနေပါတယ်။ It Takes ဂိမ်း ထုတ်လုပ်တဲ့ Hazelight Studios က ဂျိုဆဲဖ် ဖယ်စ် (Josef Fares) နဲ့ အိုစကာ ဝူလွန်တစ် (Oskar Wolontis) တို့ကလည်း အမှုဆောင်ပရိုဂျူဆာတွေအနေနဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ရုံတင်ပြသမယ့်ရက်ကိုတော့ မသတ်မှတ်ရသေးပါဘူး။

It Takes Two က ပြည်တွင်းမှာ ဖြစ်စေ အွန်လိုင်းမှာ ဖြစ်စေ အခြားသူတစ်ဦးနဲ့ ကစားရတဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ကစားသမားတွေက ကွာရှင်းပြတ်စဲတော့မယ့် စုံတွဲတစ်တွဲဖြစ်တဲ့ May သို့မဟုတ် Cody တို့ရဲ့ ဇာတ်ကောင်ကိုယူပြီး ကစားကြရတာပါ။

သူတို့သမီးလေး Rose က သူတို့ကို ကိုယ်စားပြု​ပြီးလုပ်ထားတဲ့ အရုပ်တစ်စုံထဲကို သူတို့ရဲ့ အသိစိတ်တွေ ကူးပြောင်းသွားခဲ့ပါတယ်။ May နဲ့ Cody တို့က သူတို့ရဲ့မူလကိုယ်ခန္ဓာထဲကို ပြန်လည်ရောက်ရှိဖို့ အတူကြိုးစားရမှာဖြစ်ပြီး သူတို့ရဲ့ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာမှာဖြစ်ပါတယ်။

Ref: Asiaone “Dwayne Johnson to produce It Takes Two movie for Amazon”

WL (ရိုးရာလေး)

https://www.asiaone.com/…/dwayne-johnson-produce-it…

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top