အိမ် ၃ လုံး၊ သုံးဘီးငှားရမ်းခြင်းလုပ်ငန်းနဲ့ ကား ၁ စီးရှိနေတဲ့ အိန္ဒိယလူမျိုးတောင်းရမ်းစားသောက်သူ

poor.jpg

အိန္ဒိယနိုင်ငံ၊ အင်ဒိုးမြို့မှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ “တောင်းရမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှု”အနေနဲ့ မသန်စွမ်းတောင်းရမ်းစားသောက်သူတစ်ဦးကို ကူညီပေးဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီမသန်စွမ်းတောင်းရမ်းစားသောက်သူရဲ့ပိုင်ဆိုင်မှုတွေ၊လုပ်ငန်းတွေကို ဖော်ထုတ်မိခံခဲ့ရပါတယ်။

မန်ဂီလာဆိုတဲ့ အဲ့ဒီအမျိုးသားကို ဈေးမှာ တောင်းရမ်းစားသောက်ရတဲ့ အနာကြီးရောဂါသည်တစ်ဦးလို့ ထင်ခဲ့တာပါ။ သူက သံလှည်းလေးပေါ်မှာ ထိုင်ပြီးတော့ တောင်းရမ်းကာ တစ်နေ့ကို ရူပီး ၄၀၀ ကနေ ၅၀၀ လောက်ရရှိပါတယ်။ သူဟာ ၂၀၂၁ -၂၀၂၂ ခုနှစ်ကတည်းက တောင်းရမ်းစားသောက်နေခဲ့တာပါ။

သူ့အကြောင်း စုံစမ်းကြည့်တော့ သူဟာ တစ်နေ့တာ တောင်းရမ်းရရှိတဲ့ငွေတွေကို သုံးပြီး ဒေသခံကုန်သည်တွေကို ရေတိုချေးငွေအနေနဲ့ ချေးပေးတယ်လို့ သိရပါတယ်။ သူ့ကို ချေးငွေကနေ တစ်နေ့ကို ရူပီး ၁၀၀၀ ကနေ ၂၀၀၀ အထိ ဝင်ငွေရရှိစေခဲ့ပါတယ်။ နောက်ထပ်ဝင်ငွေအရင်းအမြစ်တွေကတော့ အခြားငှားရမ်းခြင်းလုပ်ငန်းတွေကနေ ရပါတယ်။

မန်ဂီလာက ၃ ထပ်အိမ်အပါအဝင် အိမ် ၃ လုံး၊ သုံးဘီး ၃ စီး၊ Maruti Suzukie Dzire ၁ စီးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒါတွေကိုလည်း ငှားထားပါတယ်။ သူဟာ သူ့ဆီမှာ ပိုင်ဆိုင်မှုတွေရှိပေမဲ့ သူ မသန်စွမ်းတာကြောင့် အိပ်ခန်း ၁ ခန်း၊ ဧည့်ခန်း၊ မီးဖိုချောင် ပါတဲ့ အခန်း ၁ ခန်းရရှိခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ မန်ဂီလာကို လက်တလောမှာတော့ အဖွဲ့အစည်းတစ်ခုရဲ့ဂေဟာမှာ ထိန်းသိမ်းထားပါတယ်။

Ref: Indian ‘beggar’ found to have 3 homes, rickshaw rental business & a car he rents out

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top