ပါကစ္စတန်ဗလီမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၈၇ ယောက် သေဆုံး

31-1-2023yyl-6.jpg

ပါကစ္စတန်နိုင်ငံ ပတ်ရှာဝါမြို့က ဗလီမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၈၇ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီဗလီဟာ လုံခြုံရေး ထူထပ်တဲ့ ရဲဌာနချုပ် ဧရိယာအတွင်း တည်ရှိပြီး ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ပါကစ္စတန်နိုင်ငံမှာ အဆိုးရွားဆုံး တိုက်ခိုက်မှု ကြုံခဲ့ရတာပါ။ ဇန်နဝါရီလ ၃၀ ရက် မွန်းလွဲပိုင်း ဝတ်ပြုချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုမှာ ဗလီထဲကို အသေခံဗုံးခွဲသူ ဘယ်လို ဝင်ရောက်နိုင်ခဲ့သလဲဆိုတာကို စုံစမ်းစစ်ဆေးနေပါတယ်။ အဲဒီနေရာတစ်ဝိုက်ရဲတပ်ဖွဲ့ဝင် ၃၀၀၊ ၄၀၀ လောက် ရှိနေချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

အပျက်အစီးတွေကြားတွေ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ရှာဖွေနေပြီး နောက်ထပ် ၃ နာရီကြာ ဆက်လက်ရှာဖွေရဦးမယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်ကို အဆုံးသတ်ခဲ့တဲ့ ပါကစ္စတန် တာလီဘန်အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုက သူတို့လက်ချက် မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref: Pakistan mosque blast: More confirmed dead in marathon search of rubble

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top