နာမည်ကြီးဟောင်ကောင်အက်ရှင်မင်းသား ဒွန်နီယန်းဟာ ဟောင်ကောင်ရဲ့ Lingnan တက္ကသိုလ်ကနေ Humanities ပါရဂူဘွဲ့ကို ရရှိခဲ့ပါတယ်။ ဇန်နဝါရီ ၂၆ ရက်နေ့က တက္ကသိုလ်ရဲ့ Honorary Doctorate Conferment Ceremonyမှာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
သူ့အကြောင်းရေးသားထားတဲ့ ဂုဏ်ပြုမှတ်တမ်းမှာ ဒွန်နီယန်းကို “ဒဏ္ဍာရီလာ ပုဂ္ဂိုလ်” အဖြစ် ဖော်ပြထားပြီး သူ့ရဲ့ကိုယ်ခံပညာ၊ ရုပ်ရှင်နဲ့ တရုတ်ယဉ်ကျေးမှုမှာ ပံ့ပိုးကူညီမှုတွေက မမေ့နိုင်တဲ့အမှတ်အသားတစ်ခုချန်ထားတယ်လို့ရေးသားထားပါတယ်။

သရုပ်ဆောင်တစ်ယောက်အနေနဲ့ သူ့ရဲ့လုပ်ဆောင်ချက်အပြင် သူ့ရဲ့ Ip Man ရုပ်ရှင်တွေဟာ ယဉ်ကျေးမှုဆိုင်ရာဖြစ်စဉ်တစ်ခုဖြစ်ကြောင်း၊ ဟောလိဝုဒ်ရုပ်ရှင်တွေအတွက် သူ့ရဲ့အက်ရှင်တွေနဲ့ လူသားချင်းစာနာထောက်ထားမှုတွေအပေါ် သူ့ရဲ့စေတနာထားမှုတွေအကြောင်းလည်း ဖော်ပြထားပါတယ်။
အသက် ၆၂ နှစ်အရွယ် ဒွန်နီယန်းဟာ ဘွဲ့ပေးအပ်တဲ့အခမ်းနားက ဓာတ်ပုံတွေကို ဇန်နဝါရီ ၂၇ ရက်နေ့က တင်ခဲ့ပါတယ်။ သူနဲ့အတူ သူ့ဇနီးနဲ့ သမီးဖြစ်သူတို့က အတူတက်ရောက်ခဲ့တာတွေ့ရပါတယ်။ “ကျွန်တော့်ရဲ့စာသင်ခန်းက နံရံ ၄ ဖက် ၄ ရံနဲ့ မဟုတ်ပါဘူး။ ဇာတ်ဝင်ခန်းတစ်ခုချင်းနဲ့ တည်ဆောက်ထားတာပါ။ ဇာတ်ရုပ်တစ်ခုတိုင်း သင်ခန်းစာတစ်ခုပါ။ Lingnan တက္ကသိုလ်ရဲ့ Doctor of Humanities ဘွဲ့ကို ချီးမြှင့်ခံရတာက အစွမ်းထက်တဲ့ အတည်ပြုချက်တစ်ခုပါပဲ။ ဇာတ်လမ်းပြောပြခြင်းက အသန့်ရှင်းဆုံးပုံစံနဲ့ အနုပညာရပ်ဆန်တဲ့ ပညာထောက်ပံ့ခြင်းပါပဲ”လို့ ရေးသားခဲ့ပါတယ်။ သူ့မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ သူ့ကို ချစ်ပေးကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်စကားလည်း ပြောကြားခဲ့ပါတယ်။

ဒွန်နီယန်းက ၂၀၀၈ ခုနှစ်ကစပြီး ရိုက်ကူးခဲ့တဲ့ Ip Man ဇာတ်ကားတွေနဲ့ Ip Man အဖြစ် လူသိများပါတယ်။ သူဟာ ဟောလိဝုဒ်ဇာတ်ကားတွေမှာ ၂၀၀၂ ခုနှစ်က စပြီးပါဝင်ခဲ့တာပါ။
Ref: ‘My classroom was never within 4 walls’: Donnie Yen receives Doctor of Humanities from Lingnan University
WL (ရိုးရာလေး)

