Pirates Of The Caribbean ဇာတ်ကားမှာ “ဂျက်စပဲရိုး”အဖြစ် ပြန်ပါဝင်မယ်ဆိုတဲ့သတင်းကို ဂျွန်နီဒက်ပ် ငြင်းဆို

28-6-2022-yyl13.jpg

မင်းသားကြီး ဂျွန်နီဒက်ပ်ကို ဂျက်စပဲရိုးအဖြစ် နာမည်ကြီးလာစေခဲ့တဲ့ The Pirates of the Caribbean ဇာတ်ကားမှာ ပြန်ပါဝင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိခဲ့ပါတယ်။ ဒီသတင်းကို ဂျွန်နီရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ငြင်းဆိုခဲ့ပါတယ်။

ဂျက်စပဲရိုးအဖြစ် ဂျွန်နီဒက်ပ် ပြန်ပါဝင်မယ်ဆိုတဲ့ သတင်းက PopTopic မှာ ပထမဆုံးထွက်ပေါ်ခဲ့ပြီး ပြန်ပါဝင်လာဖို့အတွက် ဂျွန်နီကို ဒေါ်လာ ၃၀၁ သန်းဝန်းကျင် ကမ်းလှမ်းထားတယ်လို့အခိုင်အမာဆိုခဲ့တာပါ။ ဒီသတင်းကို ဂျွန်နီဘက်က ငြင်းဆိုလိုက်ပြီဖြစ်တဲ့အတွက် ဂျွန်နီက ဂျက်စပဲရိုးအဖြစ် the Pirates of the Caribbean (၅) ကားနဲ့ပဲအဆုံးသတ်လိုက်ပုံပါပဲ။

ဂျွန်နီဒက်ပ်က ၂၀၁၇ခုနှစ်ရဲ့ Pirates of the Caribbean: Salazar’s Revenge ဇာတ်ကားမှာ ဂျက်စပဲရိုးအဖြစ် နောက်ဆုံးပါဝင်ခဲ့တာပါ။

Ref: Ladbible “Johnny Depp Denies He Will Return To Pirates Of The Caribbean”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top