ဆူရက်ဂျ် ချာဗန်ဆိုသူဟာ သူ့ရဲ့ဆံပင်စတိုင်က နာမည်ကြီးကနေဒါပေါ့စ်အဆိုတော် ဂျက်စတင်ဘီဘာ နာမည်ကြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ဝန်းကျင်အချိန်က ထားခဲ့တဲ့ ဆံပင်ပုံစံလိုမျိုးဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ ဂျက်စတင်ဘီဘာလို့ ခေါ်ဝေါ်ခံခဲ့ရပါတယ်။ အသက် ၃၀ အရွယ် ဆူရက်ဂျ်ဟာ အစကတော့ လူမှုကွန်ယက်မှာ ပေါ့ပေါ့ပါးပါးဗီဒီယိုတင်ပြီးတော့ ဖော်လိုဝါတွေကို ရယူခဲ့တာပါ။
အခုဆို သူ့ရဲ့အင်စတာဂရမ်မှာ ဖော်လိုဝါ ၂.၇ သန်းကျော်ရှိနေပါပြီ။ သူက Big Brother ရဲ့ အိန္ဒိယဗာရှင်းဖြစ်တဲ့ Bigg Boss Marathi Reality Show ရဲ့ season 5 မှာ ပါဝင်ပြီး အနိုင်ရရှိခဲ့ပြီးနောက် အောင်မြင်လာခဲ့ပါတယ်။ သူဟာ သရုပ်ဆောင်နယ်ပယ်ထဲတောင် ဝင်ရောက်နိုင်ခဲ့ပါတယ်။ မကြာသေးခင် သူ ပါဝင်ခဲ့တာကတော့ Zapuk Zupuk (2025) ဇာတ်လမ်းတွဲမှာဖြစ်ပါတယ်။

ဆူရက်ဂျ်ရဲ့နောက်ကြောင်းကတော့ များများစားစားမရှိပါဘူး။ သူက မဟာရပ်ရှထရာမှာ မွေးဖွားပြီး ဘာရာမတီက မိုဒဗဲ့မြို့ငယ်လေးမှာ ကြီးပြင်းခဲ့တာပါ။ ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရပြီး ညီမ ၅ ယောက်ကို ပြုစုစောင့်ရှောက်ရင်း ကြီးပြင်းခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၉ ရက်နေ့က သူ့ရဲ့ငယ်ချစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။
Ref: Meet The ‘Justin Bieber Of India’ Who Shot To Fame Because Of His Hairdo & Reality TV Appearance
WL (ရိုးရာလေး)

