သြစတြေးလျနိုင်ငံ မဲလ်ဘုန်းပြတိုက်မှာ ဆေးရည်စိမ် အခြောက်ခံပြီး ပြသထားတဲ့ ကိုအာလာတစ်ကောင်ရဲ့ ရုပ်ကလာပ် ရှိပါတယ်။ ဆမ်လို့ အမည်ပေးထားတဲ့ အဲဒီကိုအာလာဟာ ၂၀၀၉ ခုနှစ်က သြစတြေးလျနိုင်ငံမှာ လောင်ကျွမ်းခဲ့တဲ့ Black Saturday တောမီးဘေးကနေ အသက်ရှင် လွတ်မြောက်ခဲ့တာကြောင့် ” မျှော်လင့်ချက်ရဲ့ပြယုဂ်”အဖြစ် လူသိများ ထင်ရှားပါတယ်။
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှာ စေတနာ့ဝန်ထမ်း မီးသတ်သမား ဒေးဗစ်ထရီး (David Tree) က မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ ကိုအာလာမလေး ဆမ်ကို ရေတိုက်နေတဲ့ ဓာတ်ပုံက တကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့တာပါ။

ဆမ်ဟာ တောမီးဘေးကနေ အသက်ရှင်လွတ်မြောက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ကုသမရတဲ့ ကူးစက်ရောဂါကြောင့် ၂၀၀၉ ခုနှစ် သြဂုတ်လမှာ ဇီဝိန်ချုပ်ငြိမ်းအောင် ဆေးထိုးပေးခဲ့ရပါတယ်။
တောမီးကြောင့် တောရိုင်းတိရစ္ဆာန်တွေ ထိခိုက်ရတာ၊ ကယ်တင်ဖို့ လိုအပ်တာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွေအကြောင်း လူတွေ ပိုသတိပြုမိလာစေဖို့ ရည်ရွယ်ပြီး (လူသိများ ထင်ရှားတဲ့ ကိုအာလာမလေး) ဆမ်ရဲ့ ရုပ်ကလာပ်ကို ဆေးရည်စိမ်ကာ မဲလ်ဘုန်းပြတိုက်ရဲ့ပင်မပြခန်းတစ်ခုဖြစ်တဲ့ “Wild: Amazing animals in a changing world” (ပြောင်းလဲနေတဲ့ ကမ္ဘာမြေနဲ့ အံ့ဖွယ်တောရိုင်းတိရစ္ဆာန်များ) ပြခန်းထဲမှာ ပြသထားတာ ဖြစ်ပါတယ်။

Ref: Sam the Koala
NZ (ရိုးရာလေး)

