Miss Earth Philippines 2013 ပြိုင်ပွဲအလှမယ်ဟောင်း အသတ်ခံရ

miss.jpg

၂၀၁၃ ခုနှစ်ရဲ့ မယ်ကမ္ဘာအလှမယ်ပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် ဖိလစ်ပိုင်အလှမယ်ဟောင်း ရာမီလို-ဒီ ဂတ်ဇ်မန်းဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က သူ့ရဲ့ကားအတွင်း သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားခဲ့ရပါတယ်။ သူ့ရဲ့မျက်နှာနဲ့ ဘေးတစ်ဝိုက်မှာ သေနတ်ဒဏ်ရာများရရှိခဲ့ပြီး ရိုဆက်စ်မြို့က Manuel Roxas District Hospital မှာ သေဆုံးသွားကြောင်း ကြေညာခဲ့တာပါ။

ရာမီလိုဟာ သူ့ဖခင် အိမ်ခြံဝင်းတံခါးကို ဆင်းဖွင့်နေတဲ့အချိန် ကားထဲမှာ သူ့ကလေးတွေနဲ့အတူရှိနေတာပါ။ အဲ့ဒီအခိုက်အတန့်လေးမှာ လိုင်စင်နံပါတ်မတပ်ထားတဲ့ မော်တော်ဆိုင်ကယ်ကိုစီးနှင်လာတဲ့ အမည်မသိသေနတ်သမားတစ်ဦးက ချဉ်းကပ်လာပြီး ရာမီလိုကို သေနတ်နဲ့ အကြိမ်ကြိမ်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ပါတယ်။ သူ့ရဲ့ကလေး ၃ ယောက်ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တာမရှိပေမဲ့ မိခင်ဖြစ်သူ ပစ်ခံရတာကို မြင်တွေ့ခဲ့ရတာကြောင့် စိတ်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတဘ်။ ရဲတွေက သေနတ်သမားကို မဖော်ထုတ်နိုင်သေးပါဘူး။

စုံစမ်းစစ်ဆေးသူတွေက လတ်တလောမှာတော့ အလုပ်နဲ့သက်ဆိုင်တဲ့ ပြဿနာတွေပါဝင်နိုင်ချေရှိတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို စစ်ဆေးနေပါတယ်။ ရာမီလို အသတ်ခံရချိန်မှာ သူ့ရဲ့ချစ်သူ ကလစ်ဖို့ဒ် ဒီလာ ခရုဇ်က မနီလာမှာ ဆွေးနွေးပွဲတစ်ခု တက်ရောက်နေခဲ့တာပါ။ သူ သေဆုံးသွားတယ်ဆိုတာ သိရတာနဲ့ ချက်ချင်း အိမ်ပြန်လာခဲ့ပါတယ်။

ရာမီလိုက Miss Earth Philippines 2013 ပြိုင်ပွဲမှာ ဒုတိယဆုမရရှိခင်က Miss San Manuel ဆုကို ရရှိခဲ့ဖူးပါတယ်။

Ref: Miss Earth Philippines 2013 Runner-Up Shot Dead at 32

WL ‌(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top