(၃) နာရီခွဲကြာ မြားပစ်ပြီး ဂင်းနစ်စံချိန်တင်တဲ့ သုံးနှစ်အရွယ်မိန်းကလေး

41553779_1991144774274986_1560647044983422976_n.jpg

အိန္ဒိယနိုင်ငံက အသက် (၃) နှစ်အရွယ် ကလေးမလေးတစ်ဦးဟာ မြားအချက်ပေါင်း ထောင်ချီကို သုံးနာရီခွဲကြာ ပစ်ခတ်ပြီး ဂင်းနစ် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက် (၃) နှစ်အရွယ်သာရှိသေးတဲ့ ပီဆန်ဂျီနာဟာ ပေ (၂၆) ပေအကွာအဝေးက ပစ်မှတ်ကို မြားအချက်ပေါင်း (၁၁၁၁) ချက်တိတိ ပစ်ခတ်ပြခဲ့တာ ဖြစ်ပါတယ်။ သုံးနာရီခွဲကြာ မြားပစ်ချိန်အတွင်းမှာ ပစ်ချက်အများစုက ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။

ပီဆန်ဂျီနာက “သမီးက သုံးနာရီခွဲကြာအောင် မြားပစ်ခဲ့ပေမဲ့ နာကျင်တာ၊ မောပန်းတာမျိုး မရှိပါဘူး။ သမီးရဲ့ ရည်မှန်းချက်က အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရယူနိုင်ဖို့ ဖြစ်ပါတယ်“ လို့ ပြောခဲ့ပါတယ်။ နည်းပြ ဖြစ်သူ ရှီဟန်ဟူဆာနီက ပီဆန်ဂျီနာဟာ (၁) နာရီကြာ မြားပစ်ပြီးတိုင်း (၅) မိနစ်လောက် နားခဲ့တယ်လို့ ပြောပြပါတယ်။

နည်းပြဖြစ်သူကတော့ ပီဆန်ဂျီနာဟာ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆုရယူနိုင်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေကြောင်း ပြောခဲ့ပါတယ်၊ ပီဆန်ဂျီနာရဲ့ ခွန်အား၊ ကြံခိုင်မှုနဲ့ အာရုံစိုက်မှုတွေက အိုလံပစ်ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်မယ်ဆိုတာကို သံသယရှိစရာ မလိုဘူးလို့ နည်းပြ ဟူဆာနီက ယုံကြည်နေပါတယ်။

ပီဆန်ဂျီနာဟာ ငယ်စဉ်တည်းက မြားပစ်တာကိုစိတ်ဝင်စားပြီး မူကြိုတက်ပြီးနောက်ပိုင်းမှာ မြားပစ်တာကို နေ့တိုင်းလေကျင့်ခဲ့တယ်လို့ သူ့မိဘတွေရဲ့ ပြောပြမှုအရ သိရပါတယ်။

Ref: upi “Girl, 3, fires 1,111 arrows in a row to set Guinness record”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top