အရက်မူးနေချိန်မှာ ကားမမောင်းသင့်ကြောင်း သင်ခန်းစာယူဖွယ် အဖြစ်အပျက်

Joseph-Green2-mediadrumworld-1.jpg

ကားမီးလောင်သွားတဲ့အထိ ပြင်းထန်ခဲ့တဲ့ ဒီထိတ်လန့်ဖွယ်ရာ မတော်တဆမှုအပြီးမှာ အသက် ၃၄ နှစ်အရွယ် ဂျိုးဆက်ဖ် ဂရင်းန် (Joseph Green) ဟာ သူရဲ့ ခြေထောက် ၂ ချောင်းစလုံး နဲ့ လိင်အင်္ဂါကိုပါ ဖြတ်တောက် ကုသခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ အင်ဒီးယားနား (Indiana) ပြည်နယ်မှာနေထိုင်တဲ့ ဂရင်းန်ဟာ၂၀၁၆ ခုနှစ် ဧပြီလတုန်းက အရက်ဘားတစ်ခုကနေ သူအိမ်ကို ပြန်ခဲ့ရာမှာ ကားမောင်းနေရင်း အိပ်ပျော်သွားခဲ့တာကြောင့် ကားတိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။

စက်ပြင်ဆရာတစ်ယောက်ဖြစ်တဲ့ ဂရင်းန်ဟာ ခွဲစိတ်ကုသမှု ၁၄ ကြိမ်ပြုလုပ်ခဲ့ရပြီး သူ့ရဲ့ ပလပ်စတစ် ခြေထောက်တွေနဲ့ လမ်းလျှောက်နိုင်ဖို့ကို ၂ နှစ်ကျော်ကြာ ကြိုးစားခဲ့ရတာပါ။

တစ်နေကုန် အလုပ်လုပ်ပြီးနောက် သူ့ရဲ့အမေနဲ့ အစ်ကိုဆီကို သွားရောက်ကာ အနည်းငယ်သောက်စားပြီး ပြန်လာခဲ့ပေမဲ့ ထပ်ပြီး သောက်ချင်နေသေးတာကြောင့် အနီးဆုံး အရက်ဘားမှာ ထပ်ဝင်သာက်ခဲ့တာပါ။ နံနက် ၂ နာရီ ခန့်အထိ သောက်နေခဲ့တာ ဖြစ်ပြီး ဒါဟာ မအိပ်ဘဲနေချိန် နာရီ ၂၀ ခန့်ရှိသွားတာ ဖြစ်ပါတယ်။ အဲဒီနောက် အိမ်ကို ပြန်တဲ့လမ်းမှာ အနည်းငယ်ကြီးတဲ့ အကွေ့တစ်ခုကို ကွေ့ရမဲ့အချိန်မှာ သတိလွတ်သွားခဲ့ပြီး လီဗာကို ပိုနင်းမိသလို ဖြစ်သွားခဲ့တာကြောင့် ကားဟာ တစ်နာရီ ၈၀ မိုင် နှုန်းခန့်အထိ အရှိန်မြင့်သွားခဲ့ပါတယ်။ ကားဟာ လမ်းဘေးပလက်ဖောင်းကို တိုက်မိခဲ့ပြီး လိမ့်ကာ လမ်းဘေးဘက်ကို လွင့်စင်ထွက်သွားခဲ့ပါတယ်။

ဂရင်းန်ဟာ ကားထဲကနေ လွင့်ထွက်သွားခဲ့ပြီး မြေပြင်ပေါ် ပြုတ်ကျခဲ့ကာ လက်ဝဲဘက် ပုခုံးရိုး၊ ရင်ညွှန့်ရိုး၊ နံရိုးတွေ နဲ့မြီးညှောင့်ရိုးတွေ ကျိုးကြေသွားခဲ့ပါတယ်။ ဒါ့အပြင် အဆုတ် ပျက်ဆီးသွားတာတွေ၊ တင်ပါးနဲ့ လက်ဝဲဘက် ဒူး ပြုတ်ထွက်သွားတာတွေကို ခံစားခဲ့ရတာဖြစ်ပါတယ်။ ကားဟာ ဂရင်းန်ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကို ပိနေခဲ့ပြီး မီးလောင်သွားခဲ့တာ ဖြစ်ပါတယ်။ အိမ်နီးချင်းတစ်ဦးက သူရဲ့ အဖြစ်ကို တွေ့မြင်ခဲ့ပြီး လာရောက် ဆွဲထုတ် ကူညီခဲ့လို့သာ အသက်မသေခဲ့တာပါ။ ဂရင်းန်ကို အနီးဆုံး ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး ခွဲစိတ်ကုသမှုတွေ အကြိမ်များစွာ ပြုလုပ်ခဲ့တာ ၄ လကျော် ကြာမြင့်ခဲ့ပါတယ်။

နောက်ဆုံးတော့ ဆရာဝန်တွေဟာ ပြင်းထန်လွန်းတဲ့ မီးလောင် ဒဏ်ရာတွေကြောင့် မတတ်သာတဲ့အဆုံးမှာ ဂရင်းန် ရဲ့ ခြေထောက် ၂ ချောင်းနဲ့ လိင်အင်္ဂါကို ဖြတ်တောက် လိုက်ရပြီး ပလပ်စတစ် ခြေထောက်တွေနဲ့ အစားထိုးလိုက်ရပါတော့တယ်။ လမ်းလျှောက်ပြီး သွားလာ နေထိုင် စားသောက်နိုင်ဖို့ ၂ နှစ်ခန့် အချိန်ယူခဲ့ရတာ ဖြစ်ပြီး အခုအခါမှာတော့ ဂရင်းန်ဟာ ယာဉ်အန္တရာယ် ကာကွယ်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေနိုင်ပြီ ဖြစ်ပါတယ်။

Ref: Daily Mail ”Drunk driver who had both his legs and his penis amputated after crash”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top