၂ နှစ်ကြာ အနားယူခဲ့တဲ့ ရေခဲပြင်စကိတ်စီးမယ်က ဆောင်းရာသီအိုလံပစ်မှာ အမေရိကန်ရဲ့ပထမဆုံးရွှေတံဆိပ်ဆုကို ရယူခဲ့

sake.jpg

အသက် ၂၀ အရွယ် ရေခဲပြင်စကိတ်စီးမယ် အလီဆာ လျူဟာ ဆောင်းရာသီအိုလံပစ်ရဲ့ အမျိုးသမီးအလွတ်စကိတ်စီးပွဲမှာ ၂၀၀၂ ခုနှစ်ကတည်းက အမေရိကန်မရခဲ့တဲ့ ပထမဆုံးရွှေတံဆိပ်ဆုကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က ရယူပေးခဲ့ပါတယ်။

ရေခဲပြင်စကိတ်စီးအတွေ့အကြုံ ၁၁ နှစ်ရှိတဲ့ အလီဆာက အရင်တုန်းကထက်ပိုကောင်းတဲ့ပုံစံနဲ့ ပြန်လာခဲ့တာပါ။ လွန်ခဲ့တဲ့ ၄ နှစ်က သူဟာ သူ့ရဲ့အသက်မွေးဝမ်းကျောင်းကို အဆုံးသတ်သွားပြီလို့ထင်ခဲ့တာပါ။ သူအသက် ၁၆ နှစ်အရွယ်မှာ တိုးတက်မှုမရှိဘဲ ပိတ်မိနေသလို ခံစားရတဲ့အတွက် အနားယူခဲ့ပါတယ်။ ဒါပေမဲ့ ၂ နှစ်ကြာ အနားယူခဲ့ပြီးတဲ့နောက် ၂၀၂၄ ခုနှစ်မှာ သူ့ရဲ့အသက်မွေးဝမ်းကြောင်းကို ပြန်စတင်ခဲ့ပါတယ်။

အလီဆာအတွက် ဒီ ၂ နှစ်တာအနားယူမှုက အခြားအရာတွေကို ကြိုးစားကြည့်ဖို့နဲ့ ပိတ်မိသလိုမခံစားရဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ခဲ့ပါတယ်။ သူ ငယ်ငယ်က ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေ (ဒါမှမဟုတ်) သွားခဲ့ဖူးတဲ့နေရာတွေနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို မမှတ်တော့ဘူးလို့ သူ့ရဲ့နည်းပြက ဆိုထားပါတယ်။

လူငယ်စကိတ်သမားတွေအတွက် အလီဆာရဲ့အကြံဉာဏ်ကတော့ ကိုယ့်ကိုယ်ကိုအတွက် အချိန်အနည်းငယ်ပေးဖို့ အရေးကြီးတယ်ဆိုတာပါပဲ။ “တစ်ယောက်တည်း အချိန်ကုန်ပါ။ ဒါက ကျွန်မကို တကယ်ကူညီပေးခဲ့တယ်ထင်တယ်”

Ref: Alysa Liu retired from skating at 16 as she felt ‘stuck’, wins Olympic Gold at 20 after 2-year break

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top