စက်ခေါင်းမောင်းတွေမပါဘဲ ကုန်တင်ရထားတစ်စီး အရှိန်ပြင်းစွာ ခုတ်မောင်းခဲ့တဲ့ဖြစ်ရပ်ကို အိန္ဒိယအရာရှိတွေ စုံစမ်းစစ်ဆေးနေ

26.2.24-yyl-12.jpg

အိန္ဒိယနိုင်ငံမှာ ကုန်တင်ရထားတစ်စင်းက စက်ခေါင်းမောင်းတွေမပါဘဲ ၄၃ မိုင်ကျော် အကွာအဝေးအထိ အရှိန်ပြင်းစွာ ခုတ်မောင်းသွားခဲ့တဲ့ ဖြစ်ရပ်အတွက် မီးရထားတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေအရ ကုန်တင်ရထားဟာ ဘူတာရုံတွေကို အရှိန်ပြင်းစွာ ဖြတ်သန်းသွားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီ ၂၅ မိနစ်ကနေ နံနက် ၉ နာရီကြား အချိန်အတွင်း ဂျမူး-ကက်ရှ်မီးယားဒေသကနေ ပန်ဂျပ်ပြည်နယ်၊ ဟိုရှီအာပူရ်ခရိုင်ကို ရထားခုတ်မောင်းသွားခဲ့တာပါ။

ကျောက်ခဲကျိုးတွေ တင်ဆောင်လာတဲ့ ၅၃ တွဲပါ ကုန်တင်ရထားဟာ ရထားဝန်ထမ်း ဂျူတီချိန်းဖို့ ရပ်ထားချိန်မှာ ကုန်ဆင်းအတိုင်း လိမ့်သွားပြီး တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းနဲ့ ဘူတာရုံ ၅ ခုကို ဖြတ်သန်းမောင်းနှင်သွားခဲ့တာပါ။ ရထားလမ်းအရာရှိတွေက ရထားဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ရထားလမ်း – ကားလမ်းဆုံရာ နေရာတွေကို ပိတ်ထားခဲ့ပြီး ရထားရပ်တန့်သွားစေဖို့အတွက် ရထားလမ်းပေါ်မှာ သစ်ချောင်းတွေ ပုံထားခဲ့တာပါ။

သစ်ချောင်းတွေကြောင့် ရထားအရှိန်လျော့သွားပြီး နောက်ဆုံးမှာ ရပ်တန့်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရသူတစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါဘူး။

Ref:Runaway Indian train travels 70km without driver

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top