ကမ္ဘာကျော်မင်းသား ဘရက်ပစ်ဒ်ဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ နေအိမ်တွေကို လိုက်လံဝယ်ယူခဲ့ပေမဲ့ အဘိုးအိုတစ်ယောက်ကိုတော့ နေအိမ်ကနေ မဖယ်ခိုင်းခဲ့ဘဲ တသက်လုံး ဆက်နေခွင့် ပေးခဲ့ပါတယ်။
၂၀၂၃ ခုနှစ်က People မဂ္ဂဇင်းနဲ့ အင်တာဗျူးအစီအစဉ်မှာ မင်းသမီး ကာဆန်ဒရာပက်တာဆန်က လော့စ်အိန်ဂျလိစ်မြို့မှ အိမ်နီးနားချင်းတွေအကြောင်းပြောရင်း ဒီအကြောင်းကို ထုတ်ပြောခဲ့တာပါ။

ဘရက်ပစ်ဒ်ဟာ ဂျွန်လို့ အမည်ရတဲ့ အသက် ၉၁ နှစ်အရွယ် အဘိုးအိုတစ်ယောက်ရဲ့ နေအိမ်ကို ဝယ်ယူခဲ့ပြီး ဂျွန်ကို အဲဒီအိမ်မှာ ငှားရမ်းခမယူဘဲ နှစ်ရှည်လများ ဆက်နေခွင့်ပေးခဲ့တာပါ။ ဂျွန်ဟာ အသက် ၁၀၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်အထိ အဲဒီအိမ်မှာ ဆက်နေခွင့် ရခဲ့တာ ဖြစ်ပါတယ်။
အိမ်ခြံမြေတန်ဖိုး မြင့်မားလွန်းတဲ့ လော့စ်အိန်ဂျလိစ်မြို့လို နေရာမျိုးမှာ အခုလိုမျိုး ငှားရမ်းခမယူဘဲ နှစ်ရှည်လများ ဆက်နေထိုင်ခွင့်ပေးတဲ့ ဘရက်ပစ်ဒ်ရဲ့ လုပ်ရပ်က ချီးကျူးစရာပါပဲ။
Ref: When Brad Pitt let his neighbour live in his home
NZ (ရိုးရာလေး)

