ဘဲအုပ် လမ်းဖြတ်ကူးနေတာကို ကူညီခဲ့တဲ့ အမျိုးသား ကားတိုက်ခံရလို့ သေဆုံး

23.5.2023-yyl-3.jpg

လမ်းဖြတ်ကူးနေတဲ့ ဘဲအုပ်ကို ကူညီပေးခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ ကားတိုက်ခံရလို့ သေဆုံးခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသား ရီဗာရာဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့ည ဒေသစံတော်ချိန် ၈ နာရီ ၁၅ မိနစ်အချိန်က ဆခရာမန်တိုမြို့ အရှေ့မြောက်ဘက် ၂၅ မိုင်အကွာမှာ ကားတိုက်ခံခဲ့ရတာပါ။

ဆယ်ကျော်သက်တစ်ဦး မောင်းနှင်လာတဲ့ကားက ရီဗာရာကို ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒီဖြစ်ရပ်အတွက် ဖမ်းဆီးမှု မလုပ်ရသေးသလို ရီဗာရာကို ကားနဲ့ ဝင်တိုက်မိခဲ့တဲ့ ဆယ်ကျော်သက်ကလည်း ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရဖွယ်မရှိဘူးလို့ ရော့ခ်လင်းရဲတပ်ဖွဲ့ရဲ့ ရဲမှူးက ဆိုပါတယ်။

ရီဗာရာအတွက် စိတ်မကောင်းဖြစ်သူတွေကတော့ အခင်းဖြစ်ပွားရာနေရာမှာ အမှတ်တရ ပန်းစည်းတွေ၊ ရော်ဘာဘဲရုပ်လေးတွေ လာချခဲ့ကြပါတယ်။

Ref: US man killed by car as he helped ducks cross road in Rocklin

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top