Paris Fashion Week မှာ ဝတ်စုံစုစည်းမှုကို ပြသခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် အသက်အငယ်ဆုံးဖက်ရှင်ဒီဇိုင်နာလေး

desin.jpg

အသက် ၁၀ နှစ်အရွယ် မက်စ် အလက်ဇန္ဒားဆိုတဲ့ ကောင်ငယ်လေးဟာ Paris Fashion Week မှာ သူ့ရဲ့ဝတ်စုံစုစည်းမှုကို ပြသခဲ့တဲ့ အသက်အငယ်ဆုံးဖက်ရှင်ဒီဇိုင်နာဖြစ်လာခဲ့တာပါ။ လေးတန်းကျောင်းသားလေးဖြစ်တဲ့ မက်စ်က အသက် ၄ နှစ်အရွယ်မှာစပြီး ဖန်တီးချုပ်လုပ်ခဲ့တာပါ။

မတ်လ ၃ ရက်နေ့က မက်စ်ရဲ့ Women’s Ready to Wear Fall/Winte 2026-2027 collection ကို ပြသခဲ့ပါတယ်။ သူ့ အသက် ၁၀ နှစ် ပြည့်ပြီးရက်အနည်းငယ်အကြာမှာ ဒီပြသမှုဖြစ်လာခဲ့ပြီး Paris Fashion Week မှာ ပြသခွင့်ရခဲ့တဲ့ အသက်အငယ်ဆုံးဒီဇိုင်နာဖြစ်စေခဲ့ပါတယ်။

မက်စ်ရဲ့ ဖက်ရှင် ၁၅ မျိုးပါဝင်တဲ့ ဝတ်စုံစုစည်းမှုက ရေရှည်ခံတဲ့ပစ္စည်းတွေကနေ ၉၀ ရာခိုင်နှုန်းပြုလုပ်ထားပြီး ပန်းပွင့်တွေကနေ inspire ယူခဲ့တာပါ။ သူက ရောင်းမထွက်တော့တဲ့ပစ္စည်းတွေ၊ ပိုနေတဲ့အစတွေ၊ ပြန်လည်အသုံးပြုလို့ရတဲ့အိတ်တွေကို အသုံးပြုခဲ့တာပါ။ ပြသခဲ့တဲ့ဝတ်စုံစုစည်းမှုကို ပြီးဖို့ နှစ်ဝက်အချိန်ယူခဲ့ရပါတယ်။ အဲ့ဒီဝတ်စုံတွေထဲမှာ ပြင်သစ်စစ်ဘက်သုံးလေထီးနဲ့ ဖန်တီးထားတဲ့ဝတ်စုံနဲ့ ဆာရီ Vintage အထည်ကို ပြန်လည်ဒီဇိုင်းထုတ်ထားတဲ့ဝတ်စုံတွေပါဝင်ပါတယ်။

အသက် ၈ နှစ်က New York Fashin Week မှာ ပွဲထွက်ခဲ့တဲ့ မက်စ်က Paris Fashion Week မှာ သူ့ရဲဒီဇိုင်တွေ အသက်ဝင်လာတာကို ကြည့်နေရတာက အရမ်းပျော်တယ်လို့ ပြောပါတယ်။ သူ့ကို ဟိုအစကတည်းက ယုံကြည်ပေးခဲ့ကြသူတွေကို ကျေးဇူးတင်တယ်လို့လည်း သူ့အင်စတာဂရမ်အကောင့်မှာ ပြောထားပါတယ်။ သူ့အင်စတာဂရမ်အကောင့်ကို မိခင်ဖြစ်သူက သူ့ကိုယ်စားအသုံးပြုပေးထားပါတယ်။

မက်စ်ဟာ အရင်ဘဝက Gucci Fashion House တည်ထောင်သူ Guccio Gucci ဖြစ်ခဲ့တယ်လို့ ယုံကြည်ထားကြောင့် ၂၀၂၃ ခုနှစ်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။ အသက် ၇ နှစ်အရွယ်မှာ မက်စ်က အသက်အငယ်ဆုံးဖက်ရှင်ရှိုးဒီဇိုင်နာအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းဝင်ခဲ့ပါတယ်။

Ref: Max Alexander, 10, Made History as the Youngest Fashion Designer to Show a Collection at Paris Fashion Week

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top