ဘီလျံနာဖြစ်လာခဲ့တဲ့ ဂျပန်လူမျိုးဆော့ဝဲအင်ဂျင်နီယာ

11-8-2021-yyl27.jpg

တိုကျိုအခြေစိုက် Software Testing Company “Shift” ရဲ့ဉက္ကဌနဲ့စီအီးအိုလည်းဖြစ်တဲ့၊ ဆော့ဝဲအင်ဂျင်နီယာလည်းဖြစ်တဲ့ မာဆာရူ တန်ဂျီ (Masaru Tange) ဆိုတဲ့ ဂျပန်လူမျိုးပုဂ္ဂိုလ်ဟာ ကမ္ဘာ့ဘီလျံနာစာရင်းမှာ ပါဝင်လာခဲ့ပါပြီ။ သူ့ရဲ့ Software Testing Company ရဲ့ရှယ်ယာတွေက ပြီးခဲ့တဲ့နှစ်ကစပြီး ၈၈ ရာခိုင်နှုန်းမြှင့်တက်လာခဲ့တာကြောင့် မာဆာရူက ဘီလျံနာတစ်ယောက်ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ သောကြာနေ့အထိ ကုမ္ပဏီရဲ့စျေးကွက်တန်ဖိုးက ဒေါ်လာ ၃.၄ ဘီလျံအထိမြင့်တက်ခဲ့ပါတယ်။ Shift ကုမ္ပဏီမှာ ရှယ်ယာသုံးပုံတစ်ပုံသာရှိတဲ့ မာဆာရူရဲ့ အသားတင်ဝင်ငွေက ခန့်မှန်းခြေ ဒေါ်လာ ၁.၁ ဘီလျံရှိပါတယ်။

Shift ကုမ္ပဏီက ရောင်းအားနဲ့ အကျိုးအမြတ်နှစ်ခုလုံးကို မြှင့်တက်အောင်လုပ်နိုင်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ကုမ္ပဏီကို စတင်တည်ထောင်ကတည်းက ဂိမ်းဆော့ဝဲနဲ့ စမတ်ဖုန်းအက်ပလီကေးရှင်းတီထွင်သူတွေကစပြီး အသုံးပြုပြီးသားကွန်ပျူတာရောင်းဝယ်သူတွေအထိ ပိုင်းခြားကာ အနည်းဆုံးလုပ်ငန်း ၂၃ ခုကို ရယူနိုင်ခဲ့ပါတယ်။

Shift က၂၀၂၀ခုနှစ် နှစ်ကုန်ကစပြီး မေလအထိ အမြဲတမ်းအင်ဂျင်နီယာဝန်ထမ်း ၃၇၁၉ ဦး ရှိပါတယ်။ ဆော့ဝဲစမ်းသပ်ခြင်းဝန်ဆောင်မှုကိုတော့ ဂိမ်းနဲ့ငွေကြေးပိုင်းလို လုပ်ငန်းတွေကနေ Client ၄၃၃ ဉီးအတွက် ဆောင်ရွက်ပေးနေပြီး၂၀၂၀ခုနှစ်ကစပြီး ၂၉.၃ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့ပါတယ်။

Shiftရဲ့အသားတင်အမြတ်က ဟိုအရင်နှစ်တွေနဲ့နှိုင်းယှဉ်ကြည့်ရင် အခုနှစ် မေလ တတိယပတ်မှာ ၈၃ ရာခိုင်နှုန်း ယန်း ၁.၉ ဘီလျံ (ဒေါ်လာ ၁၇.၂ သန်း) အထိမြင့်တက်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ဝင်ငွေက ၅၉ ရာခိုင်နှုန်းနီးပါး (ယန်း ၃၂.၉ ဘီလျံ) အထိ ခုန်တက်ခဲ့တယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။

မာဆာရူဟာ လွန်ခဲ့သော ၁၆ နှစ်က စီးပွားရေးလုပ်ငန်းတိုးတက်ရေးအတွက် အကြံပေးကုမ္ပဏီအဖြစ် Shift ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တာပါ။ အဲဒီနောက် သုံးနှစ်အကြာမှာတော့ Software Testing Company အဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက လုပ်ငန်းကောင်းကောင်းမလည်ပတ်နိုင်ခဲ့ပါဘူး။ ဆော့ဝဲစမ်းသပ်မှုကို Third-party ကျွမ်းကျင်ပညာရှင်တွေထက် developer တွေက ကိုယ်တိုင် ဉီးဆောင်ပြီး လုပ်ဆောင်ခဲ့လို့ပါပဲ။

မာဆာရူဟာ Shift ကုမ္ပဏီကို မတည်ထောင်ခင်က အကြံပေးကုမ္ပဏီတစ်ခုမှာ ငါးနှစ်တာ လုပ်ကိုင်ခဲ့ပါတယ်။ အစကတော့ သူက စက်ရုပ်တီထွင်တဲ့ကုမ္ပဏီတစ်ခုကိုတည်ထောင်ချင်တဲ့ဆန္ဒရှိခဲ့တာကြောင့် ကျိုတိုတက္ကသိုလ်နဲ့ ဒိုရှီရှာတက္ကသိုလ်နှစ်ခုလုံးမှာ အင်ဂျင်နီယာပညာရပ်ကို သင်ယူခဲ့ပါတယ်။

Ref: Forbes “Japanese Software Testing Engineer Becomes Billionaire After Acquisition Spree”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top