လေယာဉ်ပေါ်ယူခွင့်မရှိတဲ့ အရာတွေကို မီးမောင်းထိုးပြနေတဲ့ ခရစ်စမတ်သစ်ပင်

yyl-037-3.jpg

ခရစ်စမတ်အချိန်အခါလည်း နီးလာပြီးဆိုတော့ နိုင်ငံတော်တော်များများ၊ နေရာတော်တော်များများမှာ ခရစ်စမတ်ရာသီအမှတ်အသားတစ်ခုဖြစ်တဲ့ ခရစ်စမတ်သစ်ပင်တွေကို တွေ့မြင်နေရပါပြီ။ ကျွန်တော်တို့ မြင်တွေ့ခဲ့ဖူးတဲ့ ခရစ်စမတ်သစ်ပင်တွေကတော့ ပုံစံအမျိုးမျိုးပါပဲ။ သဘာဝဆန်တာကော၊ ခေတ်နဲ့အညီဖန်တီးထားတွေပါ တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ လစ်သူယေးနီးယားနိုင်ငံက ဗွီနီးယက်စ်လေဆိပ် (Vilnius Airport) မှာ အလှဆင်ထားတဲ့ ခရစ်စမတ်သစ်ပင်ကိုတော့ ဘယ်နေရာမှာမှ မြင်ဖူးတွေ့ဖူးကြမှာမဟုတ်ပါဘူးနော်။

ဗွီနီးယက်စ်လေဆိပ်က လေဆိပ်လုံခြုံရေးအရာရှိတွေက classic ဆန်တဲ့ ခရစ်စမတ်သစ်ပင်ကို လေဆိပ်လုံခြုံရေးရဲ့အရေးကြီးမှုကို မီးမောင်းထိုးပြချင်တဲ့ရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ခရီးသည်တွေကို ခရီးဆောင်အိတ်ထဲနဲ့ လေယာဉ်ပေါ် ယူခွင့်မရှိတဲ့ပစ္စည်းတွေကို အသုံးပြုပြီး အဲဒီခရစ်စမတ်သစ်ပင်ကို စိတ်ကူးဉာဏ်ရှိရှိ ဖန်တီးခဲ့ပါတယ်။ အိတ်ဆောင်ဓားတွေ၊ ကတ်ကြေးတွေ၊ မီးခြစ်တွေ၊ ဘလိတ်ဓားတွေနဲ့ အခြားအန္တရာယ်ဖြစ်စေတဲ့ကုန်ပစ္စည်းအမျိုးအစားတွေအားလုံးဟာ အဲဒီခရစ်စမတ်သစ်ပင်မှာ အကုန်ရှိပါတယ်။

ခရစ်စမတ်သစ်ပင်ရဲ့ထိပ်ဖူးကတော့ ချိစ်လှီးဓားတွေနဲ့ အလှဆင်ထားတာဖြစ်ပါတယ်။ အနီးကပ်ကြည့်လိုက်မယ်ဆိုရင် လေယာဉ်ပေါ် ဘာတွေမယူရဘူးလဲဆိုတာကို သတိရသွားနိုင်ပါတယ်။
ဒီခရစ်စမတ်သစ်ပင်ကတော့ ခရီးသည်တွေက မိမိရဲ့ပစ္စည်းတွေကို လေဆိပ်က ယူခွင့်မတားမြစ်စေချင်ရင် နောက်နှစ်ခရစ်စမတ်သစ်ပင် အလှဆင်တဲ့အထဲမပါစေချင်ရင် လေဆိပ်မလာခင်၊ လေယာဉ်မစီးခင် ယူခွင့်မရှိတဲ့ပစ္စည်းတွေပါမပါ ဂရုစိုက်စစ်ဆေးသင့်တယ်ဆိုတာကိုလည်း ခရီးသည်တွေကို အသိပေးရာရောက်နေပါတယ်။

Ref: Boredpanda “Vilnius Airport Puts A Christmas Tree Made Of Confiscated Items To Highlight The Importance Of Aviation Security”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top