“နန်းတွင်းရတနာ”ဇာတ်လမ်းတွဲနဲ့ “ချန်ဂင်”အဖြစ် နာမည်ကြီးခဲ့တဲ့ မင်းသမီးလီယောင်အယ်ဟာ ဂျဲဂျူကျွန်းကို အလည်အပတ်ခရီးထွက်ခဲ့ပါတယ်။ ဂျဲဂျူကျွန်းက “နန်းတွင်းရတနာ”ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့တဲ့ နေရာတွေထဲက တစ်ခုပါ။

အဲ့ဒီဇာတ်လမ်းတွဲထွက်ရှိပြီး ၂၃ နှစ်အကြာမှာ ယောင်အယ်က ရိုက်ကွင်းနေရာကို အလည်သွားဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါက နန်းတွင်းသမားတော်ဇာတ်ကောင် ချန်ဂင်ရဲ့ဇာတ်ကောင်ကို ပြန်အမှတ်ရစေခဲ့ပါတယ်။ ဇာတ်လမ်းတွဲပိုစတာတွေနဲ့ ဓာတ်ပုံရိုက်ခဲ့တာကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ထားပါတယ်။

လီယောင်အယ်ဟာ ဓာတ်ပုံတွေနဲ့အတူ “ချန်ဂင်….အရမ်းကြာနေပြီ မဟုတ်လား။ တကယ်ကို ရင်ထဲထိစေပါတယ်”လို့လည်း ရေးသားခဲ့ပါတယ်။

ကိုရီးယားသမိုင်းရဲ့ပထမဆုံးအမျိုးသမီးနန်းတွင်းသမားတော်ရဲ့ဘဝကို အခြေခံရိုက်ကူးခဲ့တဲ့ “နန်းတွင်းရတနာ”ဇာတ်လမ်းတွဲကို ၂၀၀၃ ခုနှစ်က ထုတ်လွှင့်ပြသခဲ့တာပါ။

Ref: Lee Young Ae, 55, takes photo with ‘Dae Jang Geum’ posters 23 years after show, looks exactly the same
WL (ရိုးရာလေး)

