COVID 19 ကူးစက်ခံရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ သေဆုံးသူဦးရေ အမြင့်ဆုံးဖြစ်နေတဲ့ အင်ဒိုနီးရှား

19-3-2020-yyl-0014.jpg

အင်ဒိုနီးရှားနိုင်ငံမှာ COVID 19 ကြောင့် သေဆုံးသူဦးရေဟာ ဗုဒ္ဓဟူးနေ့မှာ မြင့်တတ်လာခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံတွေမှာ သေဆုံးသူဦးရေ အမြင့်ဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ကူးစက်ခံရသူဦးရေက (၂၂၇) အထိရောက်ရှိနေတယ်လို့ အင်ဒိုနီးရှားအစိုးရက ကြေညာထားပါတယ်။

သေဆုံးမှုအများဆုံးက ဂျာကာတာမြို့မှာ (၁၂) ဦး၊ အလယ်ဂျာဗားမှာ (၂) ဦး၊ ဘန်တန်း၊ ဘာလီ၊ အနောက်ဂျာဗား၊ အရှေ့ဂျာဗား၊ မြောက် ဆူမားတြားတို့မှာ (၁) ဦးစီဖြစ်တယ်လို့ Health Ministry Disease Control and Prevention ဒါရိုက်တာ အန်မတ် ယူရီအန်တိုက ပြောခဲ့ပါတယ်။ သေဆုံးသူဦးရေက အရင်နေ့ကထက် တဟုန်ထိုးမြင့်တက်သွားခဲ့ပါတယ်။ ဆေးရုံတော်တော်များများက မတ်လ ၁၂ ရက်နေ့ကနေ မတ်လ (၁၇) ရက်နေ့အထိ သေဆုံးသူဦးရေကို တင်ပြဖို့ ပျက်ကွက်ခဲ့တဲ့ အတွက်ကြောင့်ဖြစ်ပြီး အစိုးရကသာ နောက်ဆုံးရဒေတာတွေကို ရယူဖို့ တာဝန်ယူထားတာဖြစ်တဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ “မတ်လ ၁၈ ရက်နေ့ ည (၁၂) အချိန်ထိ ရောဂါကြောင့် သေဆုံးခဲ့တဲ့ COVID လူနာ စုစုပေါင်းအရေအတွက်က ၁၉ ဦးဖြစ်ပါတယ်” လို့ ယူရီအန်တိုက ပြောပါတယ်။

အခုဆိုရင် အင်ဒိုနီးရှားနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ သေဆုံးသူဦးရေ အမြင့်ဆုံးအဖြစ် မှတ်တမ်းတင်ထားပါတယ်။ အင်္ဂါနေ့မှာတော့ မလေးရှားနိုင်ငံက ကူးစက်ခံရသူ (၆၇၃) နဲ့ ကူးစက်ခ့ရမှုအများဆုံးအဖြစ် သတ်မှတ်ထားခံရပါတယ်။ မလေးရှားနိုင်ငံက သေဆုံးသူဦးရေ (၂) ဦးသာရှိပါသေးတယ်။ ဖိလစ်ပိုင်နိုင်ငံက ကူးစက်ခံရသူ (၁၈၇) နဲ့ သေဆုံးသူ (၁၄) ယောက်ရှိပါတယ်။ ထိုင်းက ကူးစက်ခံရသူ (၁၇၇)နဲ့ သေဆုံး သူ (၁) ယောက်ရှိပါတယ်။ စင်ကာပူနိုင်ငံက ကူးစက်ခံရသူ (၂၆၆) ဦးရှိပြီး သေဆုံးသူတော့ မရှိသေးဘူးဖြစ်ပါတယ်။

ယူရီအန်တိုက အင်ဒိုနီးရှားနိုင်ငံဟာ ကူးစက်ခံရသူ (၅၅) ဦးရှိပြီး ဂျာကာတာမှာ (၃၀) ဦး၊ အနောက်ဂျာဗားမှာ (၁၂)ဦး၊ ဘန်တန်းမှာ (၄)ဦး၊ အလယ်ဂျာဗားမှာ (၂) ဦးဖြစ်တယ်။ ယိုဂျာကာတာ၊မြောက် ဆူမားတြား၊ လန်ပန်၊ ရွိုင်ယူးလ်၊ အရှေ့ ကလီမန်တန်တို့မှာ (၁) ဦးစီရှိတယ်လို့ ဗုဒ္ဓဟူးနေ့ညနေက ထုတ်ပြန်ထားပါတယ်။ “ကူးစက်ခံရသူ အရေအတွက်တိုးလာပေမဲ့ (၁၁) ဦးက ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပြီဆိုတာကို ကျွန်တော်တို့ အတည်ပြုပေးလို့ရပါတယ်” လို့ ယူရီအန်တိုက ပြောပါတယ်။

လူတော်တော်များများက ရောဂါအကြောင်း သတိထားနေကြပြီးအစိုးရကလည်း ရောဂါထိန်းချုပ်ဖို့အတွက် တက်ကြွစွာလုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေကို ဒီအခြေအနေပတ်သက်ပြီး စိုးရိမ်ထိတ်လန့်မှုတွေမဖြစ်ဖို့ ယူရီအန်တိုက တိုက်တွန်းထားပါတယ်။ အခုအခြေအနေက အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ပုံမှန်ပါပဲလို့လည်း ဆိုထားပါတယ်။

Ref: Covid-19: Indonesia records highest death toll in Southeast Asia at 19

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top