၂ နာရီကြာ အေးမြနေစေတဲ့ပဝါ ထုတ်လုပ်ရောင်းချနေတဲ့ လူငယ် နိုင်ငံတကာပြိုင်ပွဲမှာ ဒေါ်လာ ၂ သိန်းဆု ဆွတ်ခူး

cool2.jpg

အေးမြမှုကို ၂ နာရီကြာ ထိန်းထားပေးနိုင်တဲ့ ပဝါ ထုတ်လုပ်ရောင်းချနေတဲ့ ဆယ်ကျော်သက်လူငယ်ဟာ အခြားပြိုင်ပွဲဝင် ၁၅၀၀၀ ကို ကျော်ဖြတ်ပြီး CoCreate Pitch ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂ သိန်း ဆွတ်ခူးသွားခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း အက်ဆက်ကောင်တီမှာ နေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် လူငယ် ဟာရစ်ဆင်နော့ဟာ ကျောင်းတက်နေရင်းနဲ့ ၂ နာရီ အအေးခံပဝါကို ထုတ်လုပ်ရောင်းချနေတာဖြစ်ပြီး သူ့ရဲ့ကုမ္ပဏီကို CoolTowel လို့ အမည်ပေးထားပါတယ်။

အေးမြမှုကို ကြာရှည်ထိန်းထားနိုင်ဖို့ အစိုဓာတ်ထိန်းသိမ်းဖို့အတွက် ပိုလီစတားအလွှာ ၃ လွှာနဲ့ ဖန်တီးထားတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ သူ့ကုမ္ပဏီက ဝင်ငွေ ပေါင် ၁ သိန်းအထိ ရရှိခဲ့ပြီး လက်ရှိအချိန်အထိ ကုန်ပစ္စည်းမှာယူမှု ၃၀၀၀၀ ကျော်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

သူဟာ TikTok ၊ Shopify ဝက်ဘ်ဆိုက်ကနေ ပဝါတွေကို ရောင်းချလျက်ရှိပြီး ပြီးခဲ့တဲ့နွေရာသီမှာတော့ တစ်ရက်တည်း ပေါင် ၁၅၀၀၀ ဖိုးအထိ ရောင်းချနိုင်ခဲ့တဲ့အထိ အလုပ်ဖြစ်ခဲ့ပါတယ်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်တဲ့ သူ့အဖေကို အားကျပြီး သူလည်း ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်စိတ် ပြင်းပြလာလို့ အခုလို တီထွင်ကြံဆခဲ့တာလို့ ဟာရစ်ဆန်နော့က ဆိုပါတယ်။

Ref: Boy Selling Towel That Stays Cool for 2 Hours Wins $200,000 in Prize Money

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top