အာရှ-ပစိဖိတ်ဒေသရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် Entry-Level အဝတ်လျှော်စက် Stax-X ကို Alliance Laundry Systems မှ စတင်မိတ်ဆက်

clean.webp

စီးပွားရေး လုပ်ငန်းသုံး အဝတ်လျှော်စက်ပစ္စည်းများကို ဖြန့်ဖြူးပေးနေသော အမေရိကန်နိုင်ငံ၊ ဝစ်ကွန်ဇင် (Wisconsin) ပြည်နယ်အခြေစိုက် Alliance Laundry Systems (ALS) သည် Stax-X ကို ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံ တို့တွင် စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ Stax-X သည် အဝတ်လျှော်စက်နှင့် အခြောက်ခံစက် (၂) မျိုးလုံး အသုံးပြုနိုင်ရန် ပေါင်းစပ်ဖွဲ့စည်းထားသည့် အမျိုးအစားဖြစ်ပြီး စီးပွားရေးလုပ်ငန်းတစ်ခု စတင် ရန်စိတ်ဝင်စားသူများ၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် အဝတ်လျှော်ဝန်ဆောင်မှု စတင်ရန် သို့မဟုတ် ကိုယ်တိုင်လျှော်ဖွတ် (self-service laundry) ဝန်ဆောင်မှုတိုးချဲ့ရန် စိတ်ဝင်စားသူများ အတွက် အထူးသင့်လျော်ပါသည်။

နေရာအကန့်အသတ်ရှိသည့် လက်လီအရောင်းဆိုင်များ၌လည်း ထိရောက်စွာ ခင်းကျင်းပြသနိုင်ရန် Star-X တွင် စီးပွားရေးလုပ်ငန်းသုံး အဆင့်မီ လျှော်ဖွတ်၊ အခြောက်ခံ စွမ်းဆောင်ရည်ကို ဒေါင်လိုက်ပုံစံဖြင့် ဒီဇိုင်းပြုလုပ်ထားပြီး ALS Brand များဖြစ်သော Speed Queen၊ Huebsch၊ IPSO နှင့် Primus အမှတ်တံဆိပ်များဖြင့် ရရှိနိုင်ပါသည်။ ထို့အပြင် ယင်းစက်ကို ALS လုပ်ဆောင်ချက်များဖြစ်သော ပရိုဂရမ်သတ်မှတ်နိုင်သည့် ရွေးချယ်စရာ အဝတ်လျှော်နည်းလမ်းများ၊ Upsell Features ခေါ် ထပ်လောင်းဝန်ဆောင်မှုများနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ပံ့ပိုးပေးနိုင်ရန်အတွက် ရွေးချယ်စရာစုံလင်သည့် လုပ်ဆောင်ချက်များပါဝင်ပါသည်။

“အရှေ့တောင်အာရှတစ်လွှားမှာ အသေးစား စီးပွားရေးလုပ်ငန်းတွေနဲ့ ဒုတိယဝင်ငွေရရှိတဲ့ လုပ်ငန်းတွေ များပြားလာတာကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်” ဟု Alliance Laundry Systems ၏ အာရှ-ပစိဖိတ်ဒေသ Senior Sales Director ဖြစ်သူ Eddie Tay က ပြောကြားခဲ့သည်။ “Stax-X ကို ထိရောက်မှုရှိပြီး နေရာအနေအထားသက်သာကာ လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်ဖို့ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လုပ်ငန်းချဲ့ထွင်လိုတဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေအတွက် Stax-X ဟာ လွယ်ကူတဲ့ စမှတ်တစ်ခုဖြစ်ပြီးတော့ Star-X ရဲ့ အလျှော်အခြောက်ပေါင်းစပ်ဖွဲ့စည်းထားမှုကလည်း စီးပွားရေးလုပ်ငန်းသုံး အဆင့်မီဖြစ်တဲ့အတွက် လုပ်ငန်းလည်ပတ်သူတွေကို ပံ့ပိုးပေးနိုင်မှာပဲ ဖြစ်ပါတယ်။”


အသေးစား၊ အလတ်စားနှင့် စွန့်ဦးလုပ်ငန်းရှင်များသည် အ‌ရှေ့တောင်အာရှ စီးပွားရေးတွင် အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်တွင် ပါဝင်နေပါသည်။ Asia Development Bank (ADB) ၏ ၂၀၂၂ ခုနှစ် Southeast Asia Development Solutions အရ အရှေ့တောင်အာရှတွင် အသေးစား၊ အလတ်စားနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင် စုစုပေါင်း ( ၇၁ ) သန်းကျော်ရှိပြီး ဤပမာဏသည် စီးပွားရေးလုပ်ငန်းအားလုံး၏ ခန့်မှန်းခြေ ( ၉၇ ) ရာခိုင်နှုန်းခန့်ပမာဏကို ကိုယ်စားပြုနေသလို အလုပ်လုပ်ကိုင်နေသော လူဦးရေ၏  ( ၆၇ ) ရာခိုင်နှုန်းခန့်ကိုလည်း အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးလျက် ရှိပါသည်။
ထို့ပြင် ၂၀၂၃ ခုနှစ် World Economic Forum မှလည်း အရှေ့တောင်အာရှ၏ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆက်လက်တိုးတက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဝန်ဆောင်မှုနှင့် လက်လီရောင်းချမှု လုပ်ငန်းကဏ္ဍများတွင် စရိတ်သက်သာပြီး ထိရောက်သော စီးပွားရေးလုပ်ငန်းများကို ရှာဖွေနေသော စွန့်ဦးလုပ်ငန်းရှင်များ ပိုမိုများပြားလာပြီး ကိုယ်တိုင်လျှော်ဖွတ် (self-service laundry) ဝန်ဆောင်မှုလုပ်ငန်းများမှာ ဝန်ထမ်းလိုအပ်ချက် နည်းပါးခြင်းနှင့် ပုံမှန်ဖောက်သည်များရရှိခြင်းတို့ကြောင့် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါသည်။


“အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အမျှ ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ ဆိုင်ခန်းနေရာရဲ့ စတုရန်း‌ပေတိုင်းကို ထိရောက်စွာအသုံးချဖို့ လိုအပ်လာပါတယ်။” ဟု Alliance Laundry Systems ၏ အာရှ-ပစိဖိတ်ဒေသ Senior Sales Director ဖြစ်သူ Eddie Tay က ပြောကြားခဲ့ပါသည်။ “Star-X ဟာ နေရာမစားဘဲ ကျစ်ကျစ်လစ်လစ်နဲ့ အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်နိုင်တာဖြစ်လို့ လုပ်ငန်းရှင်တွေအတွက် တကယ်ကို အဆင်ပြေစေတဲ့ လုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။”

Stax-X သည် ၁၃ kg (ကီလိုဂရမ်) နှင့် ၂၃ kg (ကီလိုဂရမ်) အမျိုးအစား ( ၂ ) မျိုးရရှိနိုင်ပြီး အဆိုပါအမျိုးအစား နှစ်မျိုးလုံးသည် ကြာရှည်ခံပြီး အကြမ်းခံမှုရှိစေရန် ဖန်တီးထားကာ အဆင်ပြေစွာ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ပြုပြင်ထိန်းသိမ်းမှု အတတ်နိုင်ဆုံးလျော့နည်းစေရန် ရည်ရွယ်ထားပါသည်။ Stax-X ၏ အဓိက အားသာချက်များမှာ –

  • နေရာမစားဘဲ ကျစ်ကျစ်လစ်လစ်ရှိပြီး အဝတ်လျှော်လုပ်ငန်းဖြင့် သင့်လျော်သည့် ခေတ်မီ ဒီဇိုင်းဖြင့်  ဖန်တီးထားခြင်း
  • တိကျသေသပ်ပြီး ရိုးစင်းသည့် ခေတ်မီ flush-mounted ဆပ်ပြာထည့်ခွက်ပါရှိခြင်း
  • အဆင်ပြေချောမွေ့ လွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ပြီး ရှေ့ပိုင်း fasteners များကို ချုံ့ထားပြီး အဓိက washer-extractor အစိတ်အပိုင်းများသို့ လွယ်ကူစွာ ဝင်ရောက်နိုင်စေရန် လုပ်ဆောင်ထားခြင်း
  • အလျှော်အခြောက်ပေါင်းစပ်ဖွဲ့စည်းမှုအခြေအနေကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရန် ဖန်တီးထားသည့်အတွက် ဆိုင်အပြင်အဆင်ပေါ်မူတည်၍ ဆိုင်အတွင်း သယ်ယူလုပ်ဆောင်ရမှုအခြေအနေများကို လျော့ချပေးနိုင်ခြင်း တို့ဖြစ်ပါသည်။

Stax-X ကို ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာနိုင်ငံ တို့တွင် ALS ၏ တရားဝင် ကိုယ်စားလှယ်များမှတစ်ဆင့် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။ သက်ဆိုင်ရာနိုင်ငံ၏ စျေးကွက်၊ ကိုယ်စားလှယ်၊ အခွန်အခနှင့် တပ်ဆင်မှုများ စသည့်အခြေအနေများ အပေါ်မူတည်၍ ဈေးနှုန်းနှင့် ပစ္စည်း ရရှိနိုင်မှုတို့ ကွဲပြားနိုင်ပါသည်။
အသေးစိတ်အချက်အလက်များနှင့် ဝယ်ယူနိုင်ရန် စုံစမ်းမေးမြန်းလိုပါက သို့မဟုတ် လုပ်ငန်းစတင်ရန်နှင့် လိုအပ်သည့်အကူအညီများ ရယူစုံစမ်းလိုပါက ဤဖောင် (https://go.alliancelaundry.com/l/607681/2025-02-13/7tpzy မှတစ်ဆင့် အချက်အလက်များကို ဖြည့်သွင်းနိုင်ပါသည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top