အူရီဒူးမြန်မာမှ ဖြူးမြို့နယ် ရေကျော်ကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ကျပ်သိန်း ၁,၀၀၀ လှူဒါန်းခဲ့ရာ အဆိုပါကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးပြီဖြစ်ပါ၍ ဖွင့်ပွဲကျင်းပ

8.5.24-yyl-10.jpg

မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်းများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဥ်တစိုက် ပံ့ပိုးလျက်ရှိသော အူရီဒူးမြန်မာမှ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းဂံရိုးကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာရှိ ရတနာမာရ်အောင်တောရ ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းသားလူငယ်ပေါင်း ၁၀၀ ကျော် အဆင်ပြေချောမွေ့စွာ ပညာသင်ယူလေ့လာ နိုင်စေရေးအတွက် စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ကျပ်သိန်း ၁,၀၀၀ အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် လှူဒါန်းခဲ့ရာ ဆောက်လုပ်ပြီးစီးပြီဖြစ်ပါ၍ ယနေ့ ၂၀၂၄ ခုနှစ်၊ မေလ (၆) ရက်နေ့တွေ အဆိုပါ စာသင် ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲကျင်းပခဲ့သည်။

အဆိုပါ လှူဒါန်းမှုသည် သုံးစွဲသူများအနေဖြင့် အူရီဒူးအချင်းချင်းဖုန်းခေါ်ဆိုမှုပြုလုပ်သည့်အခါ ၁ မိနစ် ပြောဆိုမှုတိုင်းအတွက် အူရီဒူးမြန်မာ၏ ဝင်ငွေထဲမှ ၁ ကျပ်စီ လှူဒါန်းပေးသွားသည့် “အူရီဒူးကလှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဥ်ဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ ကျောင်းဆောင်သစ်လှူဒါန်းခဲ့သော ရတနာမာရ်အောင်တောရ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် ရပ်ရွာအနီးဝန်းကျင်မှ ကျောင်းသားလူငယ်ပေါင်း ၁၀၀ ဝန်းကျင် ပညာသင်ယူလေ့လာလျက်ရှိသည့် ဘုန်းတော်ကြီးပညာသင်ကျောင်းတစ်ခုဖြစ်ပါသည်။ ၎င်းရပ်ရွာအတွင်းမှ ပညာသင်ကြားစရိတ် ထောက်ပံ့နိုင်ခြင်းမရှိသူများအတွက် ကျောင်းထိုင် ဆရာတော်ဦးဥတ္တရမှ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စတင်ဦးစီး သင်ကြားဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နဝကမ္မအလှူတော်ငွေများဖြင့် အခမဲ့ပညာ ဆက်လက်သင်ကြား ပေးနိုင်ရန် ရပ်တည်လျက်ရှိပါသည်။

“ပံ့ပိုးမှုလိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေက ကလေးငယ်တွေရဲ့ ပညာရေးအတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ သီလရှင်စာသင်တိုက်တွေဟာ အရေးပါတဲ့ အခြေခံ အုတ်မြစ်တွေဖြစ်တဲ့အလျောက် အူရီဒူးမြန်မာအနေနဲ့ စဉ်ဆက်မပြတ် ပံ့ပိုး‌ပေးလျက် ရှိပါတယ်။ ရပ်ရွာဝန်းကျင်က ကလေးတွေ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ဖို့ ယခုလို စာသင်ကျောင်းဆောင်သစ်ကြီးကို ဆောက်လုပ်ပြီးစီးပြီး ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်လို့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဒါဟာ အူရီဒူးမြန်မာအနေနဲ့ မြန်မာပြည်သူလူထုအတွက် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို အဓိကထားပံ့ပိုးပေးလျက်ရှိရာမှာ ဆက်လက်ဖော်ဆောင်လျက်ရှိတဲ့ အဓိကအစီအစဥ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆက်လက်ပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဥ်တွေကတစ်ဆင့် လူမှုအသိုင်းအဝိုင်းကို လက်လှမ်းမီသလောက် ဆက်လက်ပံ့ပိုးမြှင့်တင်ပေးဖို့ ကတိကဝတ်ထားရှိတဲ့အတိုင်း လုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်”ဟုအူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ပံ့ပိုးမှုများလိုအပ်နေသော လူမှုအသိုင်းအဝိုင်းများ၏ ပညာရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်‌ရေးကို အဓိကပံ့ပိုးကူညီရန် ရည်ရွယ်ထားသည့် အူရီဒူးမြန်မာ၏ “မိနစ်များများပြောလေ၊ အူရီဒူးကများများလှူပေးလေ” အစီအစဥ်ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် စတင်လုပ်ဆောင်ခဲ့ပြီးနောက် ၎င်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် “အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဥ်အဖြစ် ပြန်လည်မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ အစီအစဥ်ဖြင့် ယနေ့အထိ အူရီဒူးမြန်မာမှ ကလေးငယ်များအခမဲ့ပညာသင်ကြားရေးအတွက် ကျောင်းအဆောက်အအုံ ၄၂ ဆောင် အပါအဝင် ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်း စုစုပေါင်း ၅၁ ခုကို ပံ့ပိုးပေးခဲ့ပြီးဖြစ်ကာ နှစ်စဥ် ကျောင်းသားကျောင်းသူ ဦးရေ ၃ သောင်းကျော်ကို အကျိုးပြုလျက်ရှိပါသည်။ အူရီဒူးမြန်မာအနေဖြင့် “အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဉ်နှင့် “ဒစ်ဂျစ်တယ်ပညာရေးအစီအစဉ်” များဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဆက်လက်ပံ့ပိုးမြှင့်တင်ပေးလျက်ရှိပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top