Manulife က မြန်မာနိုင်ငံမှာ ဈေးကွက် ဖော်ဆောင်မှု အနေနဲ့ ရန်ကုန်မီးရထား အဆောက်အအုံကို ပြန်လည် ဆန်းသစ်ခြင်းဖြင့် စတင်

image001.png

Manulife Myanmar က သူတို့ရဲ့ပထမဆုံး ဈေးကွက်ဖော်ဆောင်ရေး ကမ်ပိန်းကို မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်မီးရထားလမ်း အဆောက်အအုံကို ပြန်လည် ပြင်ဆင်မွမ်းမံခြင်းနှင့် စတင်လိုက်ပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုကမ်ပိန်းက Manulifeရဲ့ အမှတ်တံဆိပ်ကို လူအများပိုမိုသိရှိလာစေရန်နှင့် မြန်မာနိုင်ငံအတွင်း သူတို့ရဲ့ပုံရိပ် ပိုမိုခိုင်မာလာစေရေးအတွက် လုပ်ဆောင်တဲ့ ကုမ္ပဏီရဲ့ ကြိုးပမ်းမှုအစလည်း ဖြစ်ပါတယ်။

တက်ကြွလန်းဆန်းတဲ့ အစိမ်းရောင်အသွင်သဏ္ဍာန်နဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ ရန်ကုန်မီးရထား အဆောက်အအုံကို ပန်းဆိုးတန်းကုန်းကျော်တံတားကနေ အထင်အရှားမြင်နိုင်ပြီး အဲဒီအဆောက်အအုံက ရန်ကုန်မြို့လယ်ရှိ အထင်ကရ အဆောက်အအုံတွေအနက်က တစ်ခုဖြစ်ပါတယ်။ သက်တမ်းရာချီရှိတဲ့ ရန်ကုန်ဘူတာကြီးအဆောက်အအုံရဲ့ တိုးချဲ့အဆောက်အအုံအနေနဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ အဲဒီအဆောက်အအုံကို အခုအခါ မီးရထားဝန်ထမ်းတွေက သူတို့ရဲ့ရုံးအဖြစ် ဆက်လက်အသုံးချနေပါတယ်။

Manulife က မြန်မာနိုင်ငံမှာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီ အနေနဲ့ မြန်မာနိုင်ငံမှာ သူတို့ရဲ့ပထမဆုံး အာမခံပေါ်လစီကို ၁၉၀၃ ခုနှစ် နိုဝင်ဘာလမှာ စတင်ရောင်းချ ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံပိုင်အဖြစ်ပြောင်းလဲလိုက်တဲ့ ၁၉၆၀ ပြည့်လွန်ကာလ မတိုင်မီအထိ မြန်မာ့အာမခံလုပ်ငန်းကို တက်ကြွစွာပုံဖော်ပေးခဲ့တဲ့ ရှေ့ဆောင် အာမခံ တစ်ခုလည်းဖြစ်ပါတယ်။ Manulife က မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်မှာ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အာမခံလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိခဲ့တဲ့ ပထမဆုံးနိုင်ငံခြားသားပိုင် အာမခံကုမ္ပဏီတွေထဲက တစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top