ကိုရီးယားရဲ့လူကြိုက်များဆုံးအဆင့်သတ်မှတ်ချက်မှာ ၁၃ နှစ်ဆက်တိုက် နံပါတ် ၁ နေရာယူထားတဲ့ မင်းသားချောလီမင်ဟို

f4.jpg

အလျင်အမြန်ပြောင်းလဲမှုနဲ့ အပြိုင်အဆိုင်များတဲ့ ကိုရီးယားဖျော်ဖြေရေးလောကမှာ ထိပ်တန်းမင်းသားချော လီမင်ဟိုဟာ ကိုရီးယားနိုင်ငံရဲ့လူကြိုက်များဆုံးအဆင့်သတ်မှတ်ချက်မှာ ၁၃ နှစ်ဆက်တိုက် နံပါတ် ၁ နေရာကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

မင်ဟိုက Boys Over Flowers (F4) ဇာတ်လမ်းတွဲမှာ ဂူဂျွန်ဖြိုးဇာတ်ရုပ်အဖြစ် ပါဝင်ခဲ့ပြီးကတည်းက ထိပ်တန်းမင်းသားအဖြစ် မြန်မြန်ဆန်ဆန်ပဲ ကျော်ကြားလာခဲ့ပါတယ်။ သူ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေက ချမ်းသာကြွယ်ဝပြီး ဆွဲဆောင်မှုရှိတဲ့ဇာတ်ကောင်တွေဖြစ်ပေမဲ့ ပရိသတ်တွေအားပေးမှုကတော့ လျော့မသွားခဲ့ပါဘူး။

နှစ်တိုင်းနှစ်တိုင်း သရုပ်ဆောင်အသစ်တွေပေါ်ထွက်လာခဲ့ရင်တောင် ထိပ်ဆုံးမှာပဲ သူက ရပ်တည်လို့နေပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ် (၂၀၂၁-၂၀၂၅) ကို ကြည့်ရင် အဆင့်သတ်မှတ်ချက်တွေအရ အခြားထိပ်တန်းအနုပညာရှင်တွေကြားမှာ ပြောင်းလဲမှုတွေရှိခဲ့ပေမဲ့ လီမင်ဟိုကတော့ နံပါတ် ၁ နေရာမှာ ဆက်လက်ရှိနေခဲ့ပါတယ်။ လီမင်ဟိုက ၆.၄ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းအထိ လွှမ်းမိုးမှုအားကောင်းစွာနဲ့ အဆက်မပြတ်ဦးဆောင်နေပါတယ်။

Ref: Lee Min Ho Dominates Korean Popularity Rankings for 13 Consecutive Years

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top