Google ကကိုရိုနာဗိုင်းရပ်စ်ကာကွယ်တဲ့အနေနဲ့ မြောက်အမေရိက ဝန်ထမ်းတွေအားလုံးကို အိမ်ကနေ အလုပ်လုပ်ခိုင်း

11-3-2020-yyl-018.jpg

Google ရဲ့အမိကုမ္ပဏီဖြစ်တဲ့ Alphabet က ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြောက်အမေရိက ဝန်ထမ်းတွေအားလုံးကို အိမ်ကနေ အလုပ်လုပ်ဖို့ တိုက်တွန်းနေတယ်လို့ သတင်းတွေအရ သိရှိရပါတယ်။ ၂၀၁၉ခုနှစ်ရဲ့ နှစ်စဉ်သတင်းပို့ချက်အရ Alphabet ကုမ္ပဏီက အချိန်ပြည့်အလုပ်သမား (၁၂၀၀၀၀) နီးပါးကို ခန့်အပ်ထားတယ်လို့ ဆိုပါတယ်။ မြောက်အမေရိကက ကုမ္ပဏီမှာ ဝန်ထမ်း ဘယ်နှစ်ယောက် ခန့်အပ်ထားလဲဆိုတာကိုတော့ သေချာမသိရပါဘူး။

ကုမ္ပဏီတော်တော်များများက ဝန်ထမ်းတွေကို အိမ်ကနေအလုပ်လုပ်ဖို့အတွက် ပြောနေကြပါတယ်။ ပြီးခဲ့တဲ့အပတ်က Google, Amazon, Microsoft နဲ့ Facebook တွေဟာ ဝါရှင်တန်မှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်ကနေအလုပ်လုပ်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ အဲဒီကတည်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုက US မှာ ကူးစက်ခံရသူ (၉၀၀) ကျော်နဲ့ သေဆုံးဦးရေ (၃၀) နီးပါးဖြစ်စေခဲ့ပြီး ဆက်လက်များပြားလျက်ရှိပါတယ်။ Amazon က ဝန်ထမ်းတစ်ယောက်နဲ့ Facebook က ဝန်ထမ်းတစ်ယောက်တို့က ကိုရိုနာဗိုင်းရပ်စ် သစ်ကူးစက်ခံခဲ့ရပါတယ်။ Alphabet ကုမ္ပဏီကတော့ မြောက်အမေရိကန်မှာရှိတဲ့ ရုံးတွေကို ရုံးလာဖို့လိုအပ်တဲ့သူတွေအတွက် ဆက်လက်ဖွင့်ပေးထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေကို အွန်လိုင်းအတန်းအဖြစ် ပြောင်းလဲခဲ့ပြီး ဟားဗက်တက္ကသိုလ်ကတောင် ကျောင်းသူ/ကျောင်းသားတွေကို ကျောင်းအဆောင်ကနေ ထွက်ဖို့ ပြောထားပါတယ်။ အရေးကြီးတဲ့ ပွဲတော်တော်များများကိုလည်း ဖျက်သိမ်းတာ၊ ရွှေ့ဆိုင်းတာတွေလုပ်ထားပါတယ်။ Googleကလည်း နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Developer Conference ပွဲကို ဖျက်သိမ်းထားရပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း Googleက ကဖေးဝန်ထမ်းတွေလို အလုပ်ချိန်လျော့ချခံရတဲ့ အချိန်ပိုင်းအလုပ်သမားတွေကို ကိုရိုနာဗိုင်းရပ်စ်နှောင့်ယှက်မှုမပါဘဲ သူတို့အလုပ်လုပ်ခဲ့တဲ့ နာရီအားလုံးအတွက် လျော်ကြေးပေးမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ လက်ရှိမှာ အကျိုးမခံစားရတဲ့၊ ကိုရိုနာဗိုင်းရပ်စ်ခံစားနေရတဲ့ အချိန်ပိုင်းဝန်ထမ်းတွေအတွက် နာမကျန်းခွင့်အတွက် ငွေကြေးထောက်ပံ့ ပေးနေတယ်လို့လည်း ပြောပါတယ်။

Ref: Google has asked all of its North America employees to work from home to prevent coronavirus spread

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top