နာမည်ကြီးဖက်ရှင်တံဆိပ်နှစ်ခုပူးပေါင်းထားတဲ့ ဝတ်စုံတွေနဲ့ အပြတ်လန်းနေတဲ့ Squid Game မင်းသားကြီး အိုယောင်ဆု

21-10-2022-yyl-08.jpg

ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ကိုရီးယားစီးရီး Squid Game ကို ကြည့်ဖူးတဲ့သူတွေဆိုရင် ဒီမင်းသားကြီးကို မှတ်မိကြမှာပါ။ မင်းသားကြီး အိုယောင်ဆုက အဲဒီစီးရီးနဲ့ပဲ နိုင်ငံတကာက ဆုပေးပွဲ (၂) ခုမှာ အကောင်းဆုံးဇာတ်ပို့ဆုတွေ ဆွတ်ခူးခဲ့ပြီး အတော်လေး အောင်မြင်မှုရခဲ့တာပါ။ အခုဆို ဝါရင့်မင်းသားကြီး အိုယောင်ဆုက နိုဝင်ဘာလထုတ် Arena Homme Plus မဂ္ဂဇင်းအတွက် မော်ဒယ်အနေနဲ့ ပါဝင်ထားပါတယ်။

မဂ္ဂဇင်းအတွက် ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေမှာ အသက် ၇၈ နှစ်ရှိပြီးဖြစ်တဲ့ အိုယောင်ဆုက နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ်နှစ်ခုဖြစ်တဲ့ “Balenciaga” နဲ့ “Adidas” တို့ပူးပေါင်းထားတဲ့ နောက်ဆုံးထွက်ဝတ်စုံတွေကို ဝတ်ဆင်ပြီး လူငယ်တစ်ယောက်လို အပြတ်လန်းနေတာကို မြင်တွေ့ရပါတယ်။ သူ ဝတ်ဆင်ခဲ့တဲ့ဝတ်စုံတွေက အနက်၊ အပြာ၊ အနီအရောင်တွေနဲ့ အားကစားဆန်တဲ့စတိုင်တွေပါပဲ။ “Squid Game” မှာ ဝတ်ဆင်ခဲ့တဲ့ အစိမ်းရောင်အားကစားဝတ်စုံလိုမျိုး အနီရောင်ဝတ်စုံလည်း ပါဝင်ပါတယ်။

Squid Game စီးရီးမှာ အိုယောင်ဆုက မသေခင် ပျော်စရာရှာချင်ခဲ့တဲ့ သာမန်အမျိုးသား အိုအီနမ် (Player 001) အဖြစ် ပါဝင်ခဲ့တာပါ။ သူဟာ ဒီစီးရီးနဲ့ (၇၉) ကြိမ်မြောက် Golden Globes ဆုပေးပွဲမှာရော ၂၀၂၂ ခုနှစ်ရဲ့ Emmy ဆုပေးပွဲမှာပါ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရရှိထားပါတယ်။

Ref: Actor Oh Yeong Su rocks ‘Balenciaga’ x ‘Adidas’ in slick pictorial for ‘Arena Homme Plus’

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top