မြန်မာငွေ သိန်း ၃ သောင်းခွဲဝန်းကျင်ဖြင့် လေလံအောင်ခဲ့တဲ့ ဝိုင်ပုလင်း

wine.jpg

၁၉၄၅ ခုနှစ်ထုတ် ပြင်သစ်ဝိုင်တစ်ပုလင်းဟာ လေလံပွဲမှာ စံချိန်တင်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၈၁၂၅၀၀ ( မြန်မာငွေ သိန်း ၃ သောင်းခွဲဝန်းကျင်) ဖြင့် လေလံအောင်ခဲ့ပါတယ်။

Domaine de la Romanée-Conti အမှတ်တံဆိပ် ၇၅၀ မီလီလီတာ ဝိုင်ပုလင်းဟာ ပြင်သစ်နိုင်ငံရဲ့နာမည်ကျော် ဝိုင်လုပ်ငန်း Maison Joseph Drouhin ရဲ့ တတိယမျိုးဆက်ဖြစ်တဲ့ ရောဘတ်ဒရူဟင် စုဆောင်းထားတဲ့ ဝိုင်ပုလင်းဖြစ်ပြီး ဒီသတင်းပတ်အတွင်း La Paulée လေလံပွဲမှာ စံချိန်တင် ဈေးနှုန်းနဲ့ လေလံအောင်ခဲ့တာပါ။

၂၀၁၈ ခုနှစ်က လေလံပွဲမှာ ဝိုင်တစ်ပုလင်းအတွက် အမေရိကန်ဒေါ်လာ ၅၅၈၀၀၀ နဲ့ လေလံအောင်ခဲ့တာဟာ ယခင်က အမြင့်ဆုံး စံချိန်တင်ဈေးနှုန်း ဖြစ်ပါတယ်။

Acker လေလံကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဂျွန်ကာပွန်ကတော့ သူ့ဘဝမှာ ၁၉၄၅ ခုနှစ်ထုတ် Romanée-Conti ဝိုင်ကို ၃ ကြိမ်သာ မြည်းစမ်းခဲ့ဖူးပြီး မြည်းစမ်းဖူးသမျှထဲမှာ အရသာအကောင်းဆုံး ဝိုင်ဖြစ်လို့ ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ ဝိုင်လို့ ဆိုခဲ့ပါတယ်။

Ref: Bottle of wine from 1945 sells for a record-breaking $812,500

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top