အိမ်ဖြူတော်နားမှာ မိုးကြိုးပစ်ခံရလို့ လူ ၃ ယောက် သေဆုံး

8-8-2022-yyl01.jpg

အိမ်ဖြူတော်နားမှာ မိုးကြိုးပစ်လို့ သက်ကြီးရွယ်အို ဇနီးမောင်နှံအပါအဝင် လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ ဂျိမ်းစ်မူအယ်လာနဲ့ ဒွန်နာမူအယ်လာတို့ဟာ အိမ်ထောင်သက် ၅၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဝါရှင်တန်ဒီစီကို သွားလည်ရင်း မိုးကြိုးထိမှန်ခဲ့တာလို့ သူတို့ရဲ့ တူဖြစ်သူက ဆိုပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က မိုးကြိုးပစ်မှုမှာ ဒဏ်ရာရခဲ့တဲ့ ၂၉ နှစ်အရွယ် အမျိုးသားကလည်း ကွယ်လွန်သွားခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။ သူတို့ ၄ ယောက်ဟာ လာဖာယက်ပန်းခြံထဲမှာ ရှိနေတုန်း မိုးရွာလို့ အိမ်ဖြူတော် ခြံစည်းရိုးနားက သစ်ပင်အောက်မှာ ပြေးခိုနေတုန်း မိုးကြိုးထိမှန်ခဲ့တာပါ။

အမေရိကန်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း မြေပြင်ကိုထိမှန်တဲ့ မိုးကြိုးပစ်မှု အကြိမ် သန်း ၄၀ ဝန်းကျင်ရှိပေမဲ့ လူတစ်ဦး မိုးကြိုးထိမှန်နိုင်ခြေကတော့ အကြိမ် ၁ သန်းပုံ၊ ၁ ပုံတောင် မရှိဘူးလို့ ဆိုပါတယ်။

Ref: Three dead after lightning strike near White House

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top