ဂျိမ်းစ်ဒိုင်ဆန်ဆိုတဲ့ နာမည်ဟာ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုရဲ့ ဝိသေသတစ်ရပ်လို့တောင် ဆိုနိုင်ပါတယ်။
ဂျိမ်းစ်ဒိုင်ဆန်ဟာ ၁၉၇၀ ပြည့်နှစ် နှောင်းပိုင်းကာလမှာ ဖုန်စုပ်စက်ပုံစံသစ် တီထွင်နိုင်ဖို့အတွက် ပုံစံငယ်ပေါင်း ၅၁၂၇ ခုတိတိ ဖန်တီးခဲ့ပါတယ်။ ပုံစံငယ်တစ်ခု အလုပ်မဖြစ်လိုက်၊ နောက်တစ်ခု ထပ်ဖန်တီးလိုက်နဲ့ ကြိမ်ဖန်များစွာ ကျရှုံးခဲ့ပေမဲ့ သူက အရှုံးမပေးခဲ့ပါဘူး။
အဲဒီကာလတုန်းက အသုံးပြုနေတဲ့ ဖုန်စုပ်စက်တွေဟာ အိတ်တွေထဲမှာ ဖုန်မှုန့်တွေပြည့်နေရင် စုပ်နိုင်စွမ်း မရှိတော့ကို သတိထားမိခဲ့ပြီးနောက် ဂျိမ်းစ်ဒိုင်ဆန်က မတူကွဲပြားတဲ့ ပုံစံသစ် ဖန်တီးဖို့ ကြိုးစားခဲ့တာပါ။
အဲဒီကာလတုန်းက ကုမ္ပဏီကြီးတွေဖြစ်တဲ့ Hoover နဲ့ Electrolux တို့က လေအိတ်အပိုတွေ ရောင်းချမှုကနေ ဝင်ငွေရှာဖွေကြတာဖြစ်လို့ လေအိတ်မပါဘဲ ဖန်တီးထားတဲ့ ဂျိမ်းစ်ဒိုင်ဆန်ရဲ့ ဖုန်စုပ်စက်ပုံစံသစ်ကို ငြင်းပယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူက လက်မလျှော့ခဲ့ပါဘူး။
၁၉၈၃ ခုနှစ်မှာ G Force အမှတ်တံဆိပ်နဲ့ သူ့ရဲ့ လေအိတ်မဲ့ ဖုန်စုပ်စက်တွေကို ဂျပန်မှာ စတင်ရောင်းချခဲ့ပြီး အောင်မြင်မှု ရခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ ဒိုင်ဆန်လီမိတက်ကို တည်ထောင်ခဲ့ပြီး မီးဖိုချောင်သုံးနဲ့ လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့ ကုမ္ပဏီကို တိုးချဲ့ခဲ့ပါတယ်။
ဒီနေ့အချိန်မှာတော့ ဒိုင်ဆန်ကုမ္ပဏီဟာ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၈ ဘီလျံကျော် ရှိနေပြီး ဂျိမ်းစ်ဒိုင်ဆန်ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၁၃ ဘီလျံဝန်းကျင်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref: James Dyson
NZ (ရိုးရာလေး)

