ရှာကီရာရဲ့ဘရာဇီးလ်ဖျော်ဖြေပွဲအတွက် စင်မြင့်ပြင်ဆင်နေစဉ် ဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံး

shar.jpg

ဆောက်လုပ်ရေးလုပ်သားတစ်ဦးဟာ ကမ္ဘာကျော်အဆိုတော်ရှာကီရာရဲ့ဘရာဇီးလ်ဖျော်ဖြေပွဲအတွက် စင်မြင့်ပြင်ဆင်ရာမှာ ကူညီပေးနေစဉ် ဝမ်းနည်းကြေကွဲစရာမတော်တဆမှုတစ်ခုဖြစ်ကာ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ကို ဖျော်ဖြေပွဲစီစဉ်သူများက အတည်ပြုပေးခဲ့တာပါ။

ဒီမတော်တဆမှုက ဧပြီ ၂၆ ရက်နေ့က ဖြစ်ခဲ့တာပါ။ သေဆုံးသွားခဲ့ရတဲ့အလုပ်သမားက ဖျော်ဖြေပွဲအတွက် တပ်ဆင်ရတဲ့အဖွဲ့မှာပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မီးသတ်အဖွဲ့က ထိခိုက်ဒဏ်ရာရခဲ့တဲ့အလုပ်သမားကို ဆေးရုံဆီ မပို့ဆောင်ခင်မှာ အရေးပေါ်အဖွဲ့က အခင်းဖြစ်ပွားရာနေရာမှာ ချက်ချင်းအကူအညီပေးခဲ့ပါတယ်။ ဆေးရုံရောက်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

သေဆုံးသွားသူရဲ့မိသားစု၊ ပါဝင်ပတ်သက်တဲ့ ကုမ္ပဏီနဲ့ ဖြစ်ရပ်ကြောင့် ထိခိုက်ခဲ့ရတဲ့ အဖွဲ့သားတွေကို ပံ့ပိုးထောက်ပံ့မှုတွေပေးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ သေဆုံးခဲ့ရသူက မ,တင်တဲ့စနစ်ကို အသုံးပြုရင်း သူ့ရဲ့ခြေလက်တွေ ပြင်းထန်စွာကြေမွဒဏ်ရာတွေခံစားခဲ့ရတာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ပြောစကားအရ သိရပါတယ်။

Ref: Shakira’s Crew Member Dies From ‘Crushing Injuries’ While Setting Up Stage For Brazil Concert

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top