HBO Max ရဲ့ ဟယ်ရီပေါ်တာစီးရီးအသစ်မှာ အဓိကဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်မယ့် မင်းသား၊မင်းသမီးတွေက ဘယ်သူတွေလဲဆိုတာ မေလ ၂၇ ရက်နေ့ ထွက်ရှိလာခဲ့ပါတယ်။ ဟယ်ရီပေါ်တာ ၊ ဟယ်မွိုင်နီ ဂရိန်ဂျာ ၊ ရွန်နယ် ဝီစလီအဖြစ် Dominic McLaughlin ၊ Arabella Stanton ၊ Alastair Stout တို့က သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ဒီသရုပ်ဆောင် ၃ ဦးက လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးဝန်းကျင်က ပရိသတ်တွေသိခဲ့ကြတဲ့ မှော်ဆရာငယ်လေးတွေနေရာမှာ မျက်နှာသစ်အနေနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီစီးရီးအသစ်က ဒန်နီရယ် ရက်ကလစ်ဖ်၊ အမ်မာ ဝက်ဆင်၊ ရူးပတ်ဂရင့်တို့ ပါဝင်ခဲ့တဲ့ ဇာတ်ကားတွေအဖြစ် ရိုက်ကူးခဲ့တဲ့ နာမည်ကြီးစာအုပ် ၇ အုပ်အပေါ် အခြေခံရိုက်ကူးမှာဖြစ်ပါတယ်။
ဒီစီးရီးမှာ ပါဝင်မယ့် ဒီအဓိကဇာတ်ကောင်တွေအတွက် ကလေး ၃၀၀၀၀ ကျော်ကို သရုပ်ဆောင်စစ်ဆေးခဲ့တာပါ။ Emmy ဆုရရှိခဲ့တဲ့ မင်းသား John Lithgow က ပရော်ဖက်ဆာ အယ်ဘတ်စ် ဒမ်ဘယ်ဒေါအဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။ “Harry Potter”စီးရီးအသစ်က HBO Max မှာ ၂၀၂၆ ခုနှစ်မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။
Ref: Meet the “Harry Potter” actors cast to play Harry, Hermione and Ron in HBO Max’s upcoming series
WL ( ရိုးရာလေး)