တော်ဝင်မိသားစု လိုက်နာရတဲ့ ဖက်ရှင်စည်းကမ်း (၇) ချက်

royal.jpg

တော်ဝင်မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရတာဟာ အံ့ဩဖွယ် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ဖက်ရှင် ရွေးချယ်မှုကို သက်ရောက်မှုရှိစေတဲ့ အစဉ်အလာနဲ့ စည်းကမ်းတွေက အများကြီး ရှိပါတယ်။

၁။ မင်္ဂလာဆောင်ဂါဝန်အတွက် ဘုရင်မရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်

တော်ဝင်မင်္ဂလာဆောင် ဂါဝန်တစ်စုံကို ဘုရင်မက အတည်ပြုဖို့ လိုအပ်တာဟာ အစဉ်အလာတစ်ခု ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ကိတ်မင်ဒဲတွန်ရဲ့ ဂါဝန်ကို အဲလိဇဘတ်ဘုရင်မကြီးက အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အဲလိဇဘတ်ဘုရင်မကြီးဟာ မီဂန်မာကယ်ရဲ့မင်္ဂလာဆောင် ဝတ်စုံကိုလည်း အတူတူပဲ ခွင့်ပြုချက်ပေးခဲ့ပါတယ်။

၂။ အရောင်ပါတဲ့ လက်သည်းဆိုးဆေးတွေကို ဆိုးခွင့်မပြုပါဘူး

အဲလိဇဘတ်ဘုရင်မကြီး ဒါမှမဟုတ် ကိတ်မင်ဒဲတွန်တို့ အပြင်ထွက်တာကို သင်တွေ့တဲ့အခါတိုင်း သူတို့ရဲ့လက်သည်းတွေဟာ အမြဲသဘာဝအတိုင်း ဖြစ်နေတာကို သတိပြုမိနိုင်ပါတယ်။ သူတို့ဟာ အကြောင်းတစ်ခုအရ ဆိုးတယ်ဆိုလည်း ပန်းနုရောင် ဒါမှမဟုတ် အကြည်ရောင်လက်သည်းနီကိုသာ ဆိုးလေ့ရှိပါတယ်။

၃။ သရဖူကို တော်ဝင်အမျိုးသမီးတိုင်း မဝတ်ဆင်ရပါဘူး

သရဖူတွေကို တော်ဝင်မိသားစု ပွဲတော်တွေမှာသာ ဝတ်ဆင်ပြီးတော့ သတို့သမီးတွေဟာ ပထမဆုံးအကြိမ် ဝတ်ဆင်တာဖြစ်ပါတယ်။ ၂၀၁၁ မှာ ကိတ်မင်ဒဲလ်တွန်ဟာ မင်းသားဝီလီယမ်နဲ့ လက်ထပ်ပွဲမှာ ဘုရင်မကြီးအဲလိဇဘတ်ရဲ့သရဖူကို ငှားရမ်းဝတ်ဆင်ခဲ့ပါတယ်။ တချို့အခြေအနေတွေမှာတော့ မင်းသမီး ဒိုင်ယာနာရဲ့သရဖူကို ဝတ်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ လက်ထပ်ထားတဲ့ မိန်းကလေးတွေအတွက် အခွင့်အရေး ဖြစ်ပါတယ်။ အပျိုတွေနဲ့ ကလေးတွေက ဘယ်တော့မှ သရဖူ မဆောင်းရပါဘူး။

၄။ ဘုရင်မကြီးဟာ လက်ကိုင်အိတ်ကို သုံးတယ်ဆိုတာ အချက်ပြတာလေးတွေ ပို့ဖို့ပါ

ဘုရင်မကြီးဟာ လက်ကိုင်အိတ်မပါဘဲ ဘယ်တော့မှ မနေတာကို သတိပြုမိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူမဟာ အချက်ပြမှုလေးတွေ ပြဖို့ သုံးတာ ဖြစ်ပါတယ်။ ဥပမာ သူညစာစားပွဲက ထွက်ခွာချင်တဲ့အခါ သူမရဲ့အိတ်ကို စားပွဲထိပ်ပေါ်မှာ ထားလိုက်တာဟာ ပါတီကို တိုတိုနဲ့ အဆုံးသတ်ပြီးတော့ သူမထွက်ခွာချင်ပြီဆိုတာကို လက်ထောက်တွေကို သိစေချင်တဲ့ သဘောပါ။ သူစကားလက်ဆုံကျနေတဲ့အချိန် လက်ကိုင်အိတ်ကို လက်တစ်ဖက်ကနေ တစ်ဖက်ကို ပြောင်းလိုက်ပြီဆိုရင် ယဉ်ယဉ်ကျေးကျေး အပြီးသတ်ချင်တာကို ဆိုလိုပါတယ်။

၅။ ဘုရင်မကြီးဟာ အရောင်တောက်တောက် အဝတ်အစားတွေကို ဝတ်တာ ကြိုက်လို့ မဟုတ်ပါဘူး

တောက်ပတဲ့ အရောင်တစ်ရောင်တည်းပါတဲ့ ဝတ်စုံကို ဝတ်ရင် လူအုပ်ကြီးထဲမှာ သူ့ကို ပြည်သူလူထုက အလွယ်တကူ ရှာတွေ့နိုင်လို့ ဖြစ်ပါတယ်။

၆။ ဘုရင်မကြီးဟာ အရင်က အစဉ်အလာကြောင့် ဦးထုပ်ဆောင်းတာပါ

အခြေခံအားဖြင့် သူမရဲ့အခြေအနေတိုင်းမှာ ဘုရင်မကြီးဟာ သူ့ရဲ့တောက်ပတဲ့ ဝတ်စုံနဲ့ လိုက်ဖက်တဲ့ ဦးထုပ်ကို ဝတ်ဆင်လေ့ရှိပါတယ်။ ထူးခြားစွာ အမျိုးသမီးတွေဟာ သူတို့ရဲ့ဆံပင်ကို ဖုံးအုပ်ထားသင့်တယ်ဆိုတဲ့ အစဉ်အလာမှ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဘုရင်မကြီးဟာ ဦးထုပ်မဆောင်းတဲ့ ရှားပါးအခြေအနေမှာ သရဖူ ဆောင်းထားတာ ဒါမှမဟုတ် ပုဝါ ခြုံထားတာ တွေ့နိုင်ပါတယ်။

၇။ မင်းသားလေး George (ဂျော့ရှ်) ဟာ ဘောင်းဘီတိုကိုသာ ဝတ်ဆင်ပါတယ်

အားလုံးထဲမှာ မင်းသားလေးဂျော့ရှ်က ပိုပြီး ကြည့်ကောင်းသူ ဖြစ်ပါတယ်။ သူ့ကို ဘောင်းဘီတိုနဲ့ အမြဲ ဓာတ်ပုံရိုက်မိရတဲ့ အကြောင်းရင်းကတော့ ယောက်ျားလေးတွေ ဘောင်းဘီတိုဝတ်ဆင်တာဟာ ဗြိတိန်တော်ဝင်နဲ့ အထက်တန်းလွှာကြားမှာ အကြာကြီး ရပ်တည်လာတဲ့ အစဉ်အလာတစ်ခုကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ ရှစ်နှစ် ဝန်းကျင်မှသာ ဘောင်းဘီရှည် စတင်ဝတ်ဆင်ရပါတယ်။

Ref: www.cosmopolitan “14 Unexpected Fashion Rules That the Royal Family Follows”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top