အဆင့်မြင့်ဆုံး နောက်ဆုံးပေါ် ကင်မရာ နည်းပညာတစ်ခုအဖြစ် 50MP 10x Optical Telephoto ကင်မရာ နဲ့ Dual Hasselblad 200MP ကင်မရာတို့ကို ပေါင်းစပ်ကာ ဆန်းသစ်တီထွင်မှုတစ်ခုအဖြစ် မိတ်ဆက်လိုက်ပါပြီ။
ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်တဲ့ OPPO က ယနေ့မှာ နောက်ဆုံးပေါ် ကင်မရာ နည်းပညာပါရှိတဲ့ Flagship စမတ်ဖုန်း ဖြစ်တဲ့ OPPO FindX9 Ultra ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ စမတ်ဖုန်းသုံးစွဲသူတွေအတွက် လက်စွဲတော် ကင်မရာအသစ်လို့တောင် တင်စားရတဲ့ OPPO Find X9 Ultra ဟာဆိုရင် နည်းပညာလောကကို ဦးဆောင်နေတဲ့ နောက်ဆုံးပေါ် Hardware နည်းပညာနဲ့အတူ ချောမွေ့သွက်လက်စွာ အသုံးပြုနိုင်မဲ့အပြင် ကမ္ဘာ့ပထမဆုံး 50MP 10x optical telephoto ၊ 200MP ပါရှိတဲ့ ကင်မရာ Sensor နှစ်ခု ၊ အဆင့်မြင့် ပရိုအဆင့်ရှိ Videography နည်းပညာနဲ့အတူ ကမ္ဘာကျော် Hasselblad က ဒီဇိုင်းကို ပြန်လည်အသက်သွင်း ပုံဖော်ထားတဲ့ အထူးခြားဆုံး ဒီဇိုင်းတို့ပါ ပါရှိလာတာဖြစ်ပါတယ်။
“OPPO Find X9 Ultra က OPPO ရဲ့ ဓာတ်ပုံရိုက်ကူးမှုနည်းပညာသမိုင်းမှာ အကြီးမားဆုံး အောင်မြင်မှု တစ်ခုအဖြစ် မှတ်တမ်းတင်လိုက်နိုင်ပါပြီ” ဟု SVP နှင့် Chief Product Officer ဖြစ်သူ Pete Lau က ပြောကြားခဲ့ပါတယ်။ “ခေတ်ရှေ့ပြေးနေတဲ့ နောက်ဆုံးပေါ် အလင်းပိုင်းဆိုင်ရာ နည်းပညာတွေ၊ ပိုပြီး တိုးတက်မြင့်မားလာတဲ့ အဆင့်မြင့် Computational Photography နည်းပညာတွေ ၊ Hasselblad နဲ့အတူ ပူးပေါင်းဖန်တီးထားတဲ့ စွမ်းအားမြင့် ဖန်တီးမှုရေးရာ ကိရိယာ တွေအားလုံးကို ပေါင်းစပ်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့အနေနဲ့ ဓာတ်ပုံရိုက်ကူးမှု ကဏ္ဍ တစ်ခုလုံးအတွက် ပိုပြီးကောင်းမွန်လာစေနိုင်မဲ့ ပရော်ဖက်ရှင်နယ် စမတ်ဖုန်းတစ်လုံးကို ဖန်တီးနိုင်ခဲ့ပါပြီ” ဟု ထပ်လောင်း ပြောကြားခဲ့ပါတယ်။

မိုဘိုင်းဖုန်းတွေရဲ့ ဓာတ်ပုံဆိုင်ရာ နည်းပညာကို အဆင့်မြင့်လာအောင် ပြန်လည် ပြုပြင်သွားမဲ့ ကင်မရာစနစ်
OPPO Find X9 Ultra မှာ နောက်ဆုံးပေါ် မျိုးဆက်သစ် Hasselblad Master Camera System ကို စတင်မိတ်ဆက်လာပြီဖြစ်ပါတယ်။ သီးသန့်ဖန်တီးထည့်သွင်းတပ်ဆင်ထားတဲ့ ကျောဘက် ကင်မရာ ၅ လုံး ရဲ့ ပူးပေါင်းလုပ်ဆောင်မှုကြောင့် ရိုက်ကူးမှုအကွာအဝေးလို့ခေါ်ဆိုတဲ့ Focal Range ၊ ရုပ်ထွက်ကြည်လင်ပြတ်သားမှု နဲ့ အရောင်အသွေးစိုပြည်တိကျမှု အစရှိတဲ့ လုပ်ဆောင်ချက်တွေမှာဆိုရင် သာမန်ထက် ပိုမိုကောင်းမွန်တဲ့ ထူးခြားစွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
နေရာကန့်သတ်ချက်တွေကြောင့် စမတ်ဖုန်းတွေမှာ အဝေးကြည့် Long-range Zoom ကို ရရှိနိုင်ဖို့ဟာ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတစ်ခု ဖြစ်နေခဲ့တာ အချိန်အတိုင်းအတာတစ်ခုအထိ ရှိခဲ့ပြီးဖြစ်ပါတယ်။ OPPO Find X9 Ultra မှာ အကြီးမားဆုံးအောင်မြင်မှု တစ်ရပ်အဖြစ် အမှန်အကန် ရရှိနိုင်မဲ့ 10x Optical Zoom နဲ့ စမတ်ဖုန်းနယ်ပယ်မှာ ပထမဆုံးဖြစ်တဲ့ 20x Optical-Quality Zoom ကို ပေးစွမ်းနိုင်မဲ့ Hasselblad ရဲ့ 50MP 10x Ultra-Sensing Optical-Zoom Telephoto ကို စတင်မိတ်ဆက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ယခုလိုဖန်တီးမှုရဲ့ အဓိကအချက်အနေနဲ့ အတွင်းပိုင်းမှာ ခေတ်ရှေ့ပြေးဆန်းသစ်လှတဲ့ Quintuple Prism Reflection Periscope Structure ကို အသုံးပြုထားပြီး ၎င်းဟာ ၁၀ ဆအထိ ရိုက်ကူးနိုင်မဲ့ မှန်ဘီလူး တစ်နည်းအားဖြင့် ပြောရရင် 10x lens ကို ဖုန်းအတွင်း ဝင်ဆံ့စေနိုင်ဖို့ အလင်းလမ်းကြောင်းကို ငါးကြိမ်ခေါက်ချိုး ပုံစံ ဖြင့် ပြောင်းလဲကာ ကင်မရာ Module ရဲ့ အရှည်ကိုလဲ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါအပြင် မလိုလားအပ်တဲ့ အလင်းပြန်မှုတွေကို ၉၉.၉၉၉ ရာခိုင်နှုန်းအထိ ဖယ်ရှားပေးမဲ့ Pristine Optical Path Architecture နဲ့ Sensor Shift optical Stabilization (ရုပ်တည်ငြိမ်စနစ်) တို့ ပေါင်းစပ်ထားတာကြောင့် အလွန်ဝေးကွာနေတဲ့ အကွာအဝေးမှ ရိုက်ကူးထားတဲ့ ပုံရိပ်တွေမှာတောင် အထူးကြည်လင် ပြတ်သားနေမှာဖြစ်ပါတယ်။
အထူးပြုပြင်ဖန်တီးထားတဲ့ 50MP JNL Sensor ကို အမြန်ဆုံးရိုက်ကူးနိုင်တဲ့ f/3.5 Aperture နဲ့အတူ ပေါင်းစပ်ထားတာကြောင့် OPPO Find X9 Ultra ဟာ OPPO Find X9 Pro ရဲ့ ဖုန်းကိုယ်ထည်အတွင်း အဝေးကြည့် မှန်ဘီလူးတစ်ခု တွဲဖက်ထားသလို စွမ်းဆောင်ရည်မျိုးကို အဓိကအားဖြင့် ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ကွင်းရဲ့ အနောက်ဘက်အကျဆုံးနေရာကနေ ဖျော်ဖြေသူရဲ့ စိတ်လှုပ်ရှားမှု ၊ အမူအရာတွေကို ဖမ်းယူခြင်းကစလို့ တောရိုင်း တိရစ္ဆာန်တွေကို အနှောင့်အယှက် မပေးဘဲ ဓာတ်ပုံရိုက်ကူးနိုင်ခြင်းအထိ ဘယ်လိုအခြေအနေမျိုးမှာမဆို ထူးကဲသာလွန်တဲ့ စွမ်းဆောင်ရည်ကို OPPO Find X9 Ultra ရဲ့ 50MP 10x Telephoto ကင်မရာက ပေးစွမ်းမှာ ဖြစ်ပါတယ်။
10x Telephoto နဲ့အတူ Hasselblad 200MP ကင်မရာနှစ်လုံးလဲ ထပ်မံပါရှိသလို Hasselblad 200MP Ultra-Sensing Main Camera မှာဆိုရင် 1/1.12-inch ရှိတဲ့ Sony LYTIA 901 sensor အသစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါအပြင် လျင်မြန်သွက်လက်တဲ့ f/1.5 Aperture ပါဝင်တာကြောင့် အလင်းဝင်ရောက်မှုပိုင်းမှာဆိုရင် ယခင်မျိုးဆက်ရဲ့ 1-inch Main Camera ကို သိသိသာသာ သာလွန်နေမှာဖြစ်ပါတယ်။ ထပ်မံပါရှိလာတဲ့ Hasselblad 200MP 3x Ultra-Sensing Telephoto မှာ အမျိုးအစားတူ စမတ်ဖုန်းတွေအကြား အကြီးဆုံးဖြစ်တဲ့ 1/1.28-inch Sensor ပါဝင်လာမှာ ဖြစ်ပါတယ်။ အထူးပြုလုပ်ထားတဲ့ Hyper Light Prism နဲ့ f/2.2 Aperture တို့ကလဲ အလင်းအားနည်းတဲ့ ပတ်ဝန်းကျင်တွေမှာ ကောင်းမွန်စွာရိုက်ကူးနိုင်ဖို့အတွက် အလင်းဝင်ရောက်မှုကို အမြင့်ဆုံး မြှင့်တင်ပေးမှာဖြစ်သလို၊ အနီးကပ်ဆုံး Focus Distance ဖြစ်တဲ့ ၁၅ စင်တီမီတာ ပါရှိမှုကြောင့် အထူးကောင်းမွန်တဲ့ Macro Lens အဖြစ်ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Optical System ကို သာမန်ထက် ပိုမိုပြည့်စုံအောင် ဖန်တီးပေးထားတဲ့ 50MP Ultra-wide ကင်မရာ က ကျယ်ပြန့်လှပတဲ့ ရှုခင်းတွေကို ရိုက်ကူးရာမှာ အလင်းပမာဏကို ၅၆ ရာခိုင်နှုန်းအထိ ပိုမိုဖမ်းယူနိုင်မဲ့အပြင် အရောင်တွေကို သဘာဝနဲ့ အနီးစပ်ဆုံးတူနိုင်မဲ့ မျိုးဆက်သစ် New-Generation True Color ကင်မရာလဲ ထပ်မံ ပါရှိဦးမှာဖြစ်ပါတယ်။ Multispectral sensor အနေနဲ့ ပိုမိုသဘာဝကျတဲ့ အရောင်အသွေးများ ထွက်ပေါ် လာစေဖို့အတွက် White Balance ကို တိကျစွာ တိုင်းတာပေးရုံသာမက ၎င်းဟာ ဓာတ်ပုံတွေ ၊ လှုပ်ရှားမှု ဓာတ်ပုံတွေ (Motion Photos) နဲ့ ဗီဒီယိုရိုက်ကူးမှုတွေအတွက်ပါ ချောမွေ့သွက်လက်နေအောင် အလုပ်လုပ်ပေးတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ မည်သို့ပင်ရိုက်ကူးပါစေ ၊ ဓာတ်ပုံတွေရဲ့ အရောင်တွေအထိပါ အသက်ဝင်နေစေမှာဖြစ်ပါတယ်။
ဒီလို အရည်အသွေးမြင့် High-resolution ရှိတဲ့ ကင်မရာတွေကို Optical-quality Cropping လို့ ခေါ်ဆိုတဲ့ ဓာတ်ပုံအရည်အသွေး မကျဘဲ ဓာတ်ပုံကို မိမိလိုချင်သလောက် ပြန်လည် ဖြတ်တောက်သုံးတဲ့ နည်းပညာနဲ့ ပေါင်းစပ်လိုက်ခြင်းအားဖြင့် OPPO Find X9 Ultra ဟာ 14mm မှ 460mm Range အထိ အရည်အသွေးမြင့် စိတ်ကြိုက် ပုံဖော်နိုင်စေပြီး သုံးစွဲသူတွေရဲ့ အိတ်ကပ်ထဲကို ပြီးပြည့်စုံတဲ့ ဓာတ်ပုံဖန်တီးမှုဆိုင်ရာ ကိရိယာ ပစ္စည်းအစုံအလင်ကို တန်းထည့်ပေးလိုက်သလို ခံစားမှုမျိုးကို ပေးစွမ်းမှာဖြစ်ပါတယ်။

Hasselblad ရဲ့ စစ်မှန်လှတဲ့ သုံးစွဲမှုအတွေ့အကြုံ
ငါးနှစ်တာကာလပတ်လုံး ပြုလုပ်ခဲ့တဲ့ သုတေသနနှင့် ဖွံ့ဖြိုးရေး (R&D) ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံကာ တည်ဆောက်ထားတဲ့ OPPOFind X9 Ultra ဟာ သိသာထင်ရှားလာတဲ့ တိုးတက်မှုတစ်ရပ်ကို ကိုယ်စားပြုထားပြီး စစ်မှန်တဲ့ Hasselblad ရိုက်ကူးမှုအတွေ့အကြုံကို ပရော်ဖက်ရှင်နယ်အဆင့် ကိရိယာတွေနဲ့အတူ အပြစ်အနာအဆာ မရှိအောင်ကို ပေါင်းစပ်ဖန်တီးပေးထားတာဖြစ်ပါတယ်။
မျိုးဆက်သစ် Hasselblad Master Mode ဟာ အဆင့်မြင့်မားတဲ့ ဖန်တီးမှုဆိုင်ရာ ထိန်းချုပ်နိုင်စွမ်းတွေကို သုံးစွဲသူတွေရဲ့ လက်ထဲ အပ်နှင်းလိုက်သလို စီမံပေးမဲ့အပြင် နောက်ဆုံးပေါ် အသစ်စက်စက်ဖြစ်တဲ့ Imaging Pipeline နည်းပညာဖြင့် စမတ်ဖုန်းအများစုမှာ တွေ့ရလေ့ရှိတဲ့ အလွန်အမင်း အရောင်အသွေး ပြုပြင်မှုတွေကိုလဲ ရှောင်ရှားပေးထားမှာဖြစ်ပါတယ်။ ဒါကြောင့်ဓာတ်ပုံရိုက်ကူးသူတွေအနေနဲ့ အလွန်အမင်းလို့ ခံစားရတဲ့ လူလုပ်ပြုပြင်မှုတွေ မပါဝင်ဘဲ အသေးစိတ်ပုံရိပ်တွေကအစ လုံလောက်စွာ ပြည့်စုံပြီး သဘာဝကျတဲ့ပုံရိပ်တွေကို ဖမ်းယူရရှိစေနိုင်ဖို့အတွက် OPPO Find X9 Ultra က ကူညီပေးမှာဖြစ်ပါတယ်။
ကျောဘက်ရှိ Resolution မြင့်မားတဲ့ Sensor လေးခုရဲ့ စွမ်းအားကို အသုံးပြုထားတဲ့ Hasselblad Master Mode ဟာ အသုံးပြုသူများတွေအတွက် 50MP JPEG MAX နှင့် 50MP RAW MAX တို့ဖြင့် ရိုက်ကူးနိုင်ရန် စွမ်းဆောင်ပေးထားပြီး၊ ထူးခြားတဲ့ Focal Length ၆မျိုး (14mm, 23mm, 47mm, 70mm, 139mm နှင့် 230mm) အားလုံးမှာ Optical အရည်အသွေးအတိုင်း Resolution ကို ရရှိနိုင်အောင်ဖန်တီးပေးထားမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ ဖန်တီးမှုအမြင်ကို ပိုမိုစိတ်ကြိုက်ပုံဖော်နိုင်ရန်အတွက် ဂန္ထဝင်ဆန်ဆန် ဖလင်ပုံစံ (Classic Film Simulations) ကိုးမျိုးကို အသုံးပြုနိုင်သလို၊ မိမိတို့ဘာသာ သီးသန့်ဓာတ်ပုံစတိုင်ကို ဖန်တီးကာ Custom Preset အဖြစ်လဲ သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။
ဒါအပြင် ပိုမိုကောင်းမွန်တဲ့ ထိန်းချုပ်နိုင်စွမ်းနဲ့အတူ အဝေးထိလှမ်းရိုက်နိုင်တဲ့ ရိုက်ကူးမှုစွမ်းရည်ကို လိုလားနေတဲ့ Creator တွေအတွက် OPPOက Ecosystem တစ်ခုတည်းနဲ့ အတူတူ လည်ပတ်နိုင်မဲ့ ပရော်ဖက်ရှင်နယ် ပစ္စည်းတွေ သီးသန့်ပါဝင်တဲ့ OPPO Find X9 Ultra Hasselblad Earth Explorer Kit ကိုပါ တစ်တွဲတည်း မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။
OPPO Hasselblad Explorer Case မှာဆိုရင် Focus ချိန်ရန်နဲ့ Shutter အတွက် ခလုတ် ၂ ဆင့်ပါဝင်ပြီး Zoom ထိန်းချုပ်မှုအတွက် ဒိုင်ခွက် (Dial)တစ်ခုနှင့် တွဲဖက်ပေးထားတာကြောင့် ကင်မရာအစစ်တစ်ခုကဲ့သို့ စစ်မှန်တဲ့ လက်တွေ့ခံစားမှုကို ပေးစွမ်းမှာဖြစ်ပါတယ်။ ဓာတ်ပုံတွေရိုက်ကူးကြတဲ့အခါ အကွာအဝေးက စိန်ခေါ်မှုတစ်ခု ဖြစ်လာတဲ့အခါ OPPO Hasselblad 300mm Explorer Teleconverter က ကန့်သတ်ချက် လုံးဝမရှိတော့တဲ့ ဖန်တီးမှုနယ်ပယ်သစ်တစ်ခုကို စီစဉ်ပေးလိုက်ပြီဖြစ်ပါတယ်။ ခိုင်ခံ့တဲ့ သတ္တုကိုယ်ထည်အတွင်းမှာ ဖန်သား ၁၆ ခု (Glass Elements) နဲ့ တည်ဆောက်ထားတဲ့ မှန်ဘီလူးကို 3x Telephotoပေါ်မှာ တိုက်ရိုက်တပ်ဆင်ထားတာကြောင့် 300mm နှင့် ညီမျှတဲ့ Focal Length နဲ့ 13x Optical Zoom ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီလိုကောင်းမွန်တဲ့ ရလဒ်တွေရရှိနိုင်စေဖို့ 200MP Sensor နဲ့ ထပ်မံ ပေါင်းစပ်လိုက်တဲ့အခါ ဓာတ်ပုံဆရာတွေအနေနဲ့ 30x နဲ့အတူ ၎င်းထက်ပိုတဲ့ အကွာအဝေးတွေမှာတောင် ရင်သပ်ရှုမောဖွယ် ကြည်လင်ပြတ်သားတဲ့ ရလဒ်တွေကို ရိုက်ကူးရယူနိုင်မှာဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ် ဝါသနာရှင်များအတွက် ရုပ်ရှင်အဆင့်မီ Video ရိုက်ကူးနိုင်မဲ့ အရည်အသွေး
OPPO Find X9 Ultra ဟာ ဗီဒီယိုရိုက်ကူးမှုအပိုင်းမှာလဲ အဆင့်မြှင့် Pro-Level အဆင့် အရည်အသွေးတွေ ပါရှိလာသလို OPPO ရဲ့ နောက်ဆုံးပေါ် နည်းပညာနဲ့ အစွမ်းထက်ဆုံး ရုပ်ရှင်အဆင့်မီ ရိုက်ကူးနိုင်မဲ့ စွမ်းဆောင်ရည်တွေကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။
OPPO Find X9 Ultra ဟာ အစွမ်းထက်တဲ့ ကင်မရာစနစ်ကို အသုံးပြုပြီး 0.6x မှ 30x အထိ Zoom ဆွဲရိုက်ကူးရာမှာလဲ မူလအရည်အသွေးအတိုင်း ကြည်လင်မှုကို ထိန်းသိမ်းပေးနိုင်မဲ့ 4K 60fps Dolby Vision HDR ဗီဒီယိုရိုက်ကူးမှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးမှုရဲ့ လုပ်ဆောင်နိုင်စွမ်းအကန့်အသတ်တွေကို ကျော်လွန် ရိုက်ကူးနိုင်မဲ့ Dual Hasselblad 200MP ကင်မရာပါရှိလာကာ ရုပ်ရှင်အဆင့်မီ 4K အရည်အသွေးကို 120fps ဖြင့် ရိုက်ကူးနိုင်တဲ့အပြင် OPPO Flagship ဖုန်းတွေမှာ ပထမဆုံးအကြိမ်အဖြစ် 8K 30fps ကိုပါ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီအချက်ဟာ Creator တွေအတွက် ဗီဒီယိုတည်းဖြတ်တဲ့အဆင့် (Post-production) မှာလဲ မိမိရိုက်ကူးလာတဲ့ ပုံရိပ်တွေကို မိမိ လိုသလိုဖြတ်တောက်တဲ့အခါနဲ့ Frame ပြန်ချိန်တဲ့အခါတွေမှာလဲ အကောင်းဆုံး လိုက်လျောညီထွေဖြစ်အောင် ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ တည်းဖြတ်တဲ့ အချိန်မှာလဲ မိမိ စိတ်တိုင်းကျ စိတ်ကြိုက်ပြင်ဆင်နိုင်ဖို့အတွက် စိတ်အားထက်သန်တဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန် ဖန်တီးသူတွေအတွက် OPPO Find X9 Ultra မှာ O-Log2 ကို ပထမဆုံးအကြိမ်အနေနဲ့ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ၎င်းဟာ အမှောင်ထဲမှ အရိပ်ကျနေတဲ့ ပုံရိပ်အသေးစိတ်တွေအထိကိုပါ ပိုမိုထိန်းသိမ်းပေးရုံသာမက ပုံရိပ်ဝေဝါးခြင်းတွေကိုလဲ သိသိသာသာ လျှော့ချပေးတာကြောင့် အရောင်အသွေး ပြန်လည်ပြုပြင်ခြင်းလို့ ခေါ်တွင်ကြတဲ့ Color Grading ပြုလုပ်ရာမှာတောင် ပိုမိုကောင်းမွန်စွာ အလွတ်လပ်ဆုံး ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Academy Color Encoding System (ACES) အသိအမှတ်ပြု လက်မှတ်ရရှိထားတဲ့အတွက်လဲ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ပရော်ဖက်ရှင်နယ် လုပ်ငန်းခွင်တွေ အထိပါ အဆင်ပြေလွယ်ကူစွာ ထည့်သွင်းအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။
ဒါအပြင် အသစ်ပါဝင်လာတဲ့ 3D LUT ပံ့ပိုးမှုစနစ်ဖြင့် ဖန်တီးထိန်းချုပ်နိုင်စွမ်းကလဲ ပိုမို ကျယ်ပြန့်စွာ အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ ပြင်ပမှ LUT တွေကို device အတွင်းသို့ တိုက်ရိုက်ထည့်သွင်းနိုင်ပြီး မိမိစိတ်ကြိုက် အရောင်အသွေး ချိန်ညှိမှုတွေကိုလဲ အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုစစ်ဆေးနိုင်ဦးမှာဖြစ်ပါတယ်။ မိမိ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ ပိုမိုမြန်ဆန်စေဖို့ရန်အတွက် LUT Burn-in လုပ်ဆောင်ချက်မှာဆိုရင် မိမိကိုယ်တိုင်ရွေးချယ်ထားမိတဲ့ အရောင်ကို ဗီဒီယိုဖိုင်အတွင်းသို့ တိုက်ရိုက်ထည့်သွင်းပေးနိုင်တာကြောင့် နောက်ထပ် ထပ်မံ တည်းဖြတ်ရန် မလိုတော့ဘဲ ရုပ်ရှင်အဆင့်မီရလဒ်များတွေကိုလဲ ချက်ချင်း အလွယ်တကူ ရရှိစေနိုင်မှာဖြစ်ပါတယ်။
ဒါအပြင် Instagram ပေါ်မှာလဲ ဗီဒီယိုမျှဝေမှု အတွေ့အကြုံတွေကို ပိုမိုကောင်းမွန်စေနိုင်ဖို့ OPPO နဲ့ Meta တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါပြီ။ ဒါကြောင့် ယခုဆို OPPO Find X9 Ultra အသုံးပြုသူတွေအနေနဲ့ ဗီဒီယို ရိုက်ကူးချိန်မှစကာ ပြန်လည်မျှဝေတဲ့ အချိန်အထိ မူလအရည်အသွေးအတိုင်းနီးပါး အရည်အသွေးကျဆင်းမှု လုံးဝ မရှိတဲ့ ဗီဒီယိုအရည်အသွေးကို ရရှိခံစားနိုင်ပြီ ဖြစ်ပါတယ်။

တီထွင်ဖန်တီးမှုလုပ်ငန်းစဉ်များအတွက် အဆင့်မြင့် စွမ်းဆောင်ရည်
တီထွင်ဖန်တီးမှုအပိုင်းတွေမှာ ရှိတတ်တဲ့ ခက်ခဲမှုတွေနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ OPPO Find X9 Ultra ကို အဆင့်မြင့် အမြန်နှုန်း တင်သာမက ရေရှည်အတွက်ပါ ကြာရှည်ခံ စိတ်ချရတဲ့ စွမ်းဆောင်ရည်တို့ ရရှိနိုင်စေဖို့ တည်ဆောက်ထားတာဖြစ်ပါတယ်။
၆.၈၂ လက်မရှိတဲ့ 144Hz QHD+ AMOLED panel ဟာ HDR Peak Brightness 3,600 nits အထိ ရောက်ရှိနိုင်ပြီး အလင်းနည်းတဲ့ပတ်ဝန်းကျင်တွေမှာ မျက်စိအေးစေရန်အတွက် 1 nit အထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် OPPO ရဲ့ Display P3 Pro Chip နဲ့အတူ အဆင့်မြှင့်တင်ထားတဲ့ Luminescent Materials ပါဝင်လာမှုဟာ စမတ်ဖုန်းနယ်ပယ်မှာ ထိပ်တန်းဖြစ်တဲ့ အရောင်အသွေး တိကျမှုကို ပေးစွမ်းနိုင်ဖို့ ၊ ဖုန်း အားကုန်မှုကို လျှော့ချနိုင်ဖို့နဲ့ ရုပ်ထွက်ဝေဝါးခြင်းတို့ကို ဖယ်ရှားနိုင်ဖို့အတွက် အတူတကွ ပေါင်းစပ်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။
ဖုန်းရဲ့ အတွင်းပိုင်းမှာလဲ နောက်ဆုံးပေါ် Qualcomm Snapdragon 8 Elite Gen 5 Mobile Platform ကို အသုံးပြုထားပြီး၊ အဆင့်မြင့် အအေးပေးစနစ်လို့ခေါ်ဆိုတဲ့ Vapor Chamber နှင့် Encapsulated Thermal Unit တို့က 8K ဗီဒီယိုရိုက်ကူးခြင်းလိုမျိုး ပြင်းထန်တဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်နေရင်တောင်မှ ချောမွေ့ပြီး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ရရှိစေနိုင်အောင် ဖန်တီးဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
OPPO Find X9 Ultra ကို စွမ်းအားပြည့်နေစေဖို့ ထောက်ပံ့ထားတာကတော့ ကင်မရာအသားပေး Flagship ဖုန်းတွေ အားလုံးထဲမှာ အကြီးမားဆုံးတစ်ခုဖြစ်တဲ့ 7,050mAh OPPO Silicon-Carbon ဘက်ထရီ ဖြစ်ပါတယ်။ လုံးဝ အသစ်စက်စက် PowerCore Battery Management Chip နှင့် ပေါင်းစပ်လိုက်တဲ့အခါ OPPO Find X9 Ultra ဟာ တစ်နေကုန် အဆင်ပြေချောမွေ့စွာ ဖန်တီးမှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဆောင်ရွက်ပေးဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘက်ထရီအားနည်းသွားတဲ့အခါမှာလဲ 100W SUPERVOOC ကြိုး ဖြင့် အားသွင်းတဲ့ SUPERVOOC Flash Charge အားသွင်းစနစ်နှင့် 50W AIRVOOC ကြိုးမဲ့အားသွင်းစနစ်တို့က သုံးစွဲသူတွေကို အလုပ်မနှောင့်နှေးစေဖို့ ပြန်လည်ကူညီဦးမှာဖြစ်ပါတယ်။

ကင်မရာ ပုံစံ ထုတ်လုပ်လာတဲ့ OPPO Find X9 Ultra ရဲ့ Camera-Inspired Design
အထင်ကရ Hasselblad X2D ထံမှ စိတ်ကူးစိတ်သန်းကို ပြန်လည်ဖန်တီးတဲ့အနေနဲ့ OPPO Find X9 Ultra မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေတဲ့ Eco-friendly Vegan Leather ဖြင့် ဖုန်းရဲ့ ကျောဘက်ပေါ်မှာ OPPO အမှတ်တံဆိပ်နဲ့ Hasselblad အမှတ်တံဆိပ်တွေကို ထည့်သွင်းလာတာဖြစ်ပါတယ်။
Camera Module မှာဆိုရင်လဲ Brand-new Master Lens Design နဲ့အတူ OPPO Find X9 Ultra ကို မိတ်ဆက်လာတာဖြစ်ပါတယ်။ အတွင်းပိုင်းက ဆဌဂံ ဒီဇိုင်းဖော်ထားခြင်းမှာ ပရော်ဖက်ရှင်နယ် ကင်မရာမှန်ဘီလူးတွေရဲ့ Aperture Blades တွေရဲ့ ပုံစံကို ပြန်လည်ဖန်တီးထားခြင်းဖြစ်ပြီး ဒီလို ဆန်းသစ်လှပတဲ့ ဒီဇိုင်းက စစ်မှန်တဲ့ ဓာတ်ပုံပညာအပေါ် အခြေခံထားတဲ့ ထူးခြားပြောင်မြောက်တဲ့ အဆင့်မြင့် အလှတရားကို သုံးစွဲသူတွေ လက်ထဲသို့ ပေးအပ်နိုင်တော့မှာဖြစ်ပါတယ်။
OPPO Find X9 Ultra ကို ရွေးချယ်လိုတဲ့ သုံးစွဲသူတွေအနေနဲ့ စွဲမက်ဖွယ်ကောင်းတဲ့ အရောင်ဒီဇိုင်း နှစ်မျိုးဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။ Tundra Umber အရောင်မှာဆိုရင် Scandinavian လို့ခေါ်ဆိုတဲ့ အနောက်နိုင်ငံက ပြည်နယ်တစ်ခုရဲ့ ရိုးရိုးရှင်းရှင်း ပုံစံနဲ့ ရေခဲတောင်တွေရဲ့ သဘာဝအတိုင်း တင့်တယ်နေမှုကို ပေါ်လွင်စေပြီး ဂန္ထဝင်မြောက် လက်ရာမြောက်မှုကိုလဲ ဂုဏ်ပြုဖော်ညွှန်းထားတာဖြစ်ပါတယ်။ တစ်ဖက်မှာလဲ ခေတ်ရှေ့ပြေးတဲ့ Canyon Orange အရောင်ကို Aircraft-grade Fiber ဖြင့် တည်ဆောက်ထားပြီး ပါးလွှာစတိုင်ကျမှုနဲ့အတူ ထူးကဲသော ခိုင်ခံ့မှု နှစ်ခု ပေါင်းစပ်တဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
OPPO ရဲ့ ကိုယ်ပိုင် Armor Shield တည်ဆောက်ပုံစနစ်နဲ့ ဖန်တီးထားတဲ့ OPPO Find X9 Ultra မှာ ပရော်ဖက်ရှင်နယ်ဆန်ဆန် အကြမ်းခံနိုင်ဖို့အတွက် ခံနိုင်ရည်ရှိအောင် သေချာ တီထွင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ IP66၊ IP68 နဲ့ IP69 အသိအမှတ်ပြုလတ်မှတ်တွေက ရေနှင့် ဖုန်ဒဏ်တွေကို အပြည့်အဝကာကွယ်ပေးနိုင်ကြောင်း အာမခံထားတာကြောင့် ဘယ်လိုပင် ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မျိုးတွေမှာမဆို စိတ်အေးချမ်းသာစွာဖြင့် ဖန်တီးမှုတွေကို ဆက်လက်ဖန်တီးပြုလုပ်နိုင်မှာဖြစ်ပါတယ်။
နာမည်ကျော်ကြား လူကြိုက်များတဲ့ နောက်ဆုံးပေါ် ColorOS 16
Industry-leading ထိပ်တန်း Hardware တွေကိုတပ်ဆင်ထားတဲ့ OPPO Find X9 Ultra ကို ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်မဲ့ နောက်ဆုံးပေါ် ColorOS 16 ကို ထည့်သွင်းထားပြီး ပိုမိုရှင်းလင်းသပ်ရပ်ကာ စမတ်ကျကျနဲ့ သုံးနိုင်မဲ့ AI စနစ်သုံး အဆင့်မြင့်ကိုယ်ပိုင် ဝန်ဆောင်မှုပေးနိုင်မဲ့ Software အတွေ့အကြုံကို မိတ်ဆက်ပေးလာမှာဖြစ်ပါတယ်။
ခေတ်ရှေ့ပြေးရုံတင်မက ပိုပြီး ထူးခြားဆန်းသစ်တဲ့ OPPO Find X9 Ultra လိုမျိုး အခြားသော စမတ်ဖုန်းထုတ်ကုန်တွေအကြောင်းနဲ့ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram –https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။
#OPPO #OPPOMyanmar #OPPOFindX9Ultra
NZ (ရိုးရာလေး)

