Epic အဖြစ်ဆုံး ဆန်းသစ်တီထွင်မှုတွေနဲ့ Galaxy AI ရဲ့ ခေတ်တစ်ခုကို မကြာခင်မှာပဲ ယူဆောင်လာတော့မယ့် Samsung Galaxy Unpacked 2024

17.1.24-yyl-8.jpg

လူအများရဲ့ စိတ်ဝင်စားမှုတွေ မြင့်တက်နေတဲ့ Galaxy AI နဲ့အတူ အသစ်ထွက်ရှိလာတော့မယ့် Samsung ရဲ့ Flagship ဖုန်း Galaxy S Series အသစ်ကို လာမယ့် ဇန်နဝါရီလ ၁၈ ရက်နေ့၊ မနက် ၁၂ နာရီခွဲမှာပြုလုပ်သွားမယ့် Samsung Galaxy Unpacked LIVE မှာ တွေ့မြင်ရတော့မှာပါ။

တမူထူးခြားတဲ့ ဆန်းသစ်တီထွင်မှုတွေကို ဦးဆောင်ဖန်တီးပေးနေကျ Samsung Electronics က လာမယ့် ဇန်နဝါရီလ ၁၇ရက်နေ့၊ San Jose မြို့မှာ ကျင်းပပြုလုပ်သွားမယ့် Galaxy Unpacked ပွဲကြီးမှာလည်း Epic အဖြစ်ဆုံး မိုဘိုင်းအတွေ့အကြုံအသစ်တွေကို ယူဆောင်လာပေးတော့မှာဖြစ်ပါတယ်။ လူအများကြား ရေပန်းစားနေတဲ့ Galaxy AI နဲ့အတူ နောက်ဆုံးပေါ် Galaxy ဆန်းသစ်တီထွင်မှုတွေကို မျက်ဝါးထင်ထင် တွေ့ကြုံခံစားရဖို့အတွက်ကိုလည်း Samsung Myanmar Facebook Page နဲ့ Samsung Myanmar YouTube channel တို့မှာ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမှာဖြစ်လို့ ဇန်နဝါရီလ ၁၈ ရက်၊ ကြာသပတေးနေ့၊ မြန်မာစံတော်ချိန် မနက် ၁၂ နာရီခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

AI လုပ်ဆောင်ချက်တွေ ပါဝင်လာမယ့် Samsung ရဲ့ ပရီမီယံဖုန်းအသစ်တွေကို မိတ်ဆက်ပေးလာတော့လည်းမှာဖြစ်လို့ Galaxy AI is coming ဆိုတာကို လူအများကြား စိတ်ဝင်စားမှု မြင့်တက်နေချိန်မှာပဲ Samsung ကလည်း နာမည်ကျော် Las Vegas Sphere အပါအဝင် ကမ္ဘာတဝှမ်းက အမိုက်စားနေရာတွေမှာ မိုဘိုင်း AI ရဲ့ အနာဂတ်ကို မြင်သာစေမယ့် ကြော်ငြာတွေ နဲ့ပါ ထပ်မံပြီး လူအများရဲ့ စိတ်အာရုံကို ဖမ်းစားလိုက်ပါသေးတယ်။ Las Vegas မြို့က နာမည်ကြီး Las Vegas Sphere မှာတော့ လူငယ်အများစု နှစ်သက်ကြတဲ့ Marvel စူပါဟီးရိုး Doctor Strange က AI ရဲ့ စွမ်းအားနဲ့ ပြုလုပ်နိုင်လာမယ့် ဖြစ်နိုင်ချေအသစ်တွေကို ပုံဖော်ပြသပေးသွားလို့ လူငယ်တွေကလည်း အကြိုက်တွေ့နေကြပါတယ်။

“Samsung Galaxy Unpacked နဲ့အတူ ရောက်ရှိလာတော့မယ့် Galaxy AI ရဲ့ ခေတ်ဟာ နေ့စဥ်လူနေမှုဘဝမှာ ဆက်သွယ်ဖို့၊ ဖန်တီးဖို့၊ ပိုမိုကောင်းမွန်တဲ့ အသုံးဝင်တဲ့ လုပ်ဆောင်ချက်တစ်ခုအနေနဲ့ အကောင်းမွန်ဆုံး အတွေ့အကြုံတွေကို ယူဆောင်လာပေးနိုင်တော့မှာပါ။ အဲ့တာကြောင့် ဇန်နဝါရီလ ၁၈ ရက်၊ ကြာသပတေးနေ့၊ မြန်မာစံတော်ချိန် မနက် ၁၂ နာရီခွဲ မှာပြုလုပ်သွားမယ့် Galaxy Unpacked LIVE ကနေ Samsung က ဖန်တီးပေးလာတော့မယ့် Galaxy AI ရဲ့ခေတ်သစ်တစ်ခု ဖြစ်ပေါ်လာတာကို စောင့်ကြည့်ပေးဖို့ကိုလည်း အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်” လို့ Samsung Myanmar ရဲ့ Head of Mobile Experience Group ဖြစ်တဲ့ ကိုတင်မောင်ဝင်းက ပြောပါတယ်။

Galaxy Unpacked LIVE ကို ကြည့်ရှုဖို့အတွက်ကိုတော့ ဒီ လင့်ခ် (https://bit.ly/3RVRpyp) မှာ စာရင်းပေးသွင်းရင်း registered ပြုလုပ်ထားနိုင်ပြီး၊ ဇန်နဝါရီ ၁၇ ရက်နေ့မတိုင်ခင် စာရင်းသွင်းသူတွေအနေနဲ့ ဆုလက်ဆောင်တွေ ကံထူးနိုင်မယ့် အခွင့်အရေးလည်း ရှိနေတာဖြစ်ပါတယ်။

Las Vegas Sphere ရှိ Galaxy AI နဲ့ Doctor Strange တို့ ပူးပေါင်းပုံဖော်ထားတဲ့ A Portal to ​a New Galaxy ဗီဒီယိုကို ကြည့်ရှုနိုင်မယ့်လင့်ခ်
https://youtu.be/5DaJN5nY6ds

Galaxy Unpacked Live ကို YouTube မှာ ကြည့်ရှုနိုင်မယ့်လင့်ခ်
https://www.youtube.com/watch?v=J7x0E0hLaJ8

Galaxy Unpacked Live ကို Facebook မှာ ကြည့်ရှုနိုင်မယ့်လင့်ခ်
https://www.facebook.com/events/1981198482276093

SamsungUnpacked #GalaxyUnpacked

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top