ဝက်ဝံတွေ သောင်းကျန်းနေလို့ ဂျပန်နိုင်ငံမှာ ဝံပုလွေစက်ရုပ် အော်ဒါမှာယူမှု အလွန်များပြားနေ

တသူ်.jpg

ဂျပန်နိုင်ငံမှာ လူနေရပ်ကွက်၊ စူပါမားကတ်နဲ့ ကျောင်းတွေထဲအထိ ဝက်ဝံတွေ ဝင်သောင်းကျန်းပြီး လူတွေကို အန္တရာယ်ပြုမှုတွေ ဆိုးဆိုးရွားရွား ကြုံနေရလို့ “Monster Wolf” လို့ခေါ်တဲ့ စက်ရုပ်ဝံပုလွေတွေကို ဝယ်ပြီး ကာကွယ်နေကြရပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ဂျပန်နိုင်ငံတဝန်းမှာ ဝက်ဝံကိုက်လို့ လူ ၁၃ ဦးအထိ သေဆုံးခဲ့ပြီး ဝက်ဝံတွေ့ရှိမှုအကြိမ်ရေ ၅၀,၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ အန္တရာယ်ရှိလို့ ဖမ်းဆီး၊ ရှင်းလင်းလိုက်ရတဲ့ ဝက်ဝံအကောင်ရေ ၁၄,၀၀၀ ကျော်အထိ ရှိခဲ့တာပါ။

စက်ရုပ်မှာ လှုပ်ရှားမှုအာရုံခံကိရိယာ ပါလို့ ဝက်ဝံလာရင် ခေါင်းရမ်းမယ်၊ မျက်လုံးက အနီရောင်မီးတွေ လင်းလာပြီး ဝံပုလွေအူသံ၊ သေနတ်သံနဲ့ လူအော်သံ အပါအဝင် အသံပေါင်း ၅၀ ကျော်ကို ၁ ကီလိုမီတာအကွာအဝေးအထိ ကြားရအောင် အော်ဟစ်ခြောက်လှန့်နိုင်စွမ်း ရှိပါတယ်။

ဝံပုလွေပုံစံ စက်ရုပ်တစ်ကောင်ကို အမေရိကန်ဒေါ်လာ ၄,၀၀၀ (မြန်မာငွေ သိန်း ၁၆၀ ကျော်) ဝန်းကျင်ကနေ စရှိပြီး ဆိုလာပြား၊ ဘက်ထရီနဲ့ စပီကာတွေ တပ်ဆင်ထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အော်ဒါမှာယူမှုတွေ အရမ်းများနေလို့ အခု မှာရင် ၂ လကနေ ၃ လအထိ စောင့်ရမှာဖြစ်ပြီး လယ်သမားတွေနဲ့ ဂေါက်ကွင်းပိုင်ရှင်တွေ အဓိကဝယ်ကြတယ်လို့ သိရပါတယ်။

Ref: ‘Monster Wolf’ robots go viral as Japan battles bear invasions

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top