ပုရွက်ဆိတ်တစ်ကောင်ကို အနီးကပ်ရိုက်ချက်ဓာတ်ပုံ

25-10-2022-yyl-01.jpg

ဒါဟာ ကြောက်မက်ဖွယ်ဇာတ်ကားထဲက ဇာတ်ကောင် မဟုတ်ပါဘူး။ ပုရွက်ဆိတ်တစ်ကောင်ကို အနီးကပ်ရိုက်ထားတဲ့ ဆုရဓာတ်ပုံပါ။ လစ်သူယေးနီးယား ဓာတ်ပုံဆရာ ယူဂျီးနီးယက်စ်က ရိုက်ခဲ့တာပါ။ အနီးကပ်ရိုက်ချက်တွေကနေ ဓာတ်ပုံပညာရဲ့ အကောင်းဆုံး အပိုင်းကို ရှာဖွေဖော်ထုတ်ဖို့ ရည်ရွယ်ပြီး Nikon’s Small World Photomicrography Competition ပြိုင်ပွဲကို ကျင်းပလာတာ ၄၈ ကြိမ်( နှစ်) ရှိပါပြီ။

ဒီနှစ်မှာတော့ နိုင်ငံပေါင်း ၇၂ နိုင်ငံက ဓာတ်ပုံပေါင်း ၁၃၀၀ နီးပါး ပါဝင်ရွေးချယ်ခံခဲ့တာပါ။ ယူဂျီးနီးယက်စ်ဟာ အရင်က ငှက်ဓာတ်ပုံဆရာဖြစ်ပြီး နောက်ပိုင်းမှာ အင်းဆက်ပိုးမွှားတွေကို အဓိကထား ရိုက်ကူးခဲ့တာပါ။

သူက reflected light (အရာဝတ္တုဆီကနေ ပြန်လာတဲ့ အလင်း)ကို သုံးပြီး ပုရွက်ဆိတ်ကို အနီးကပ်ရိုက်ကူးခဲ့တာပါ။ သူ့ရိုက်ချက်မှာ မျက်လုံးနီနေတဲ့ ပုရွက်ဆိတ်က ဒေါသထွက်နေတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။

ဒီဓာတ်ပုံက အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပေမဲ့ ပြိုင်ပွဲရဲ့ ပထမဆုကိုတော့ ယူဂျီးနီးယက်စ် ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိပါဘူး။ မာဒါဂက်စ်ကာအိမ်မြှောင် သန္ဓေသားရှေ့လက်ရဲ့ လှပတဲ့အရောင်ကို ရိုက်ကူးခဲ့တဲ့ ဆွီဒင်ဓာတ်ပုံဆရာတွေရဲ့ ဓာတ်ပုံက ပထမဆု ရခဲ့တာပါ။

Ref: A face only a mother could love: Terrifying photo shows what an ant looks like close-up

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top