တာလီဘန် သူပုန်အဖွဲ့နဲ့ အပစ်ခတ်ရပ်စဲမယ့် အာဖန်ဂန်နစ္စတန် အစိုးရ

1065255839.jpg

အာဖန်ဂန်နစ္စတန် အစိုးရအဖွဲ့က ၎င်းတို့အနေနဲ့ တာလီဘန် သူပုန်အဖွဲ့နဲ့ ယာယီ အပစ်ခတ်ရပ်စဲထားတယ်လို့ ကြေညာခဲ့ပေမဲ့ အခြား စစ်သွေးကြွအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

အာဖန်ဂန်နစ္စတန်သမ္မတ ဂါနီက ရာမန်ဒန် ကာလအတွင်း တာလီဘန်တို့နဲ့ အပစ်ခတ်ရပ်စဲမှု လုပ်ဆောင်မယ်လို့ပြောထားပေမယ့် တာလီဘန်အဖွဲ့ကတော့ တစ်စုံတရာ တုံပြန်မှု မရှိသေးပါဘူ။ တာဘီလန်တို့ဟာ အာဖန်ဂန်နစ္စတန် အစိုးရတာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့လအတွင်း လျို့ဝှက် တွေဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့အချက်ကို ငြင်းဆန်ုထားပါတယ်။

အမေရိကန် ဦးဆောင်တဲ့ နိုင်ငံစုံ တပ်ဖွဲ့တွေဟာ ၂၀၀၁ခုနှစ်က တာဘီလန်နယ်မြေထဲက အာဏာကို ရယူခဲ့ပြီးနောက် အာဖဂန်နစ္စတန် ပြည်သူ ထောင်ချီ သေဆုံးမှုတွေရှိခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုနဲ့ အပစ်ခတ် ရပ်စဲရေး လုပ်ဆောင်ဖို့ ကမ်းလှမ်းမှုတွေရှိခဲ့ပေမဲ့ လက်တွေ အကောင်ထည်ဖော်နိုင်မှုတော့ မရှိခဲ့ပါဘူး၊ သမ္မတဂါနီက အာဖန်ဂန်နစ္စတန် အစိုးရအဖွဲ့ဟာ ဘာသာရေးအကြီးအကဲတွေ အုပ်ချုပ်တာကို ထောက်ခံကြောင်း အာဖန်ဂန် နစ္စတန်ပြည်သူတွေ ကလည်း ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ အဆုံးသတ်စေလိုတယ်လို့ပြောပါတယ်။ အပစ်ခတ် ရပ်စဲရေးဟာ လာမယ့်သီတင်းပတ်အတွင်းမှာ စတင်သက်ရောက်မယ်လို့ ပြောခဲ့ပါတယ်။

အာဖန်ဂန်နစ္စတန် အစိုးရအဖွဲ့က တာဘီဘန် သူပုန်အဖွဲ့နဲ့ အပစ်ခတ်ရပ်စဲမယ် ပြောဆိုပေမဲ့ အခြား စစ်သွေးကြွ အဖွဲ့တွေနဲ့ အပစ်ခတ် ရပ်စဲမယ်ဆိုတဲ့အချက်ကို ဖယ်ထုတ်ထားတယ်လို့ သိရပါတယ်။

အာဖန်ဂန်နစ္စတန်နိုင်ငံအတွင်း တာလီဘန်အဖွဲ့အပြင် IS စစ်သွေးကြွအဖွဲ့တွေကလည်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး အခုသီတင်းပတ်အစောပိုင်းမှာ ဘာသာရေးခေါင်းဆောင်တွေဟာ IS အဖွဲ့ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ဆန့်ကျင်ကြာင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ IS အဖွဲ့ဟာ အာဖန်ဂန်နစ္စတန်နိုင်ငံအတွင်း အစိုးရအဆောက်အဦတွေ အပါအဝင် လူစည်ကားရာနေရာတွေကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ သိရပါတယ်။

Ref: BBC “Afghanistan calls temporary Eid ceasefire with Taliban”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top