Dyson by iSure Store အား ဖွင့်လှစ်ကာ ကမ္ဘာ့အဆင့်မီ Official Dyson ထုတ်ကုန်များကို မြန်မာဈေးကွက်တွင် a Sure Company မှ စတင်မိတ်ဆက်

Dyson-by-iSure-1.jpg

Dyson ထုတ်ကုန်များအား သုံးစွဲသူများအနေဖြင့် Dyson by iSure store တွင် ကိုယ်တိုင်စမ်းသပ်ရွေးချယ်ပြီး ဈေးသက်သက်သာသာဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

a Sure Company မှ ကမ္ဘာကျော် Dyson အမှတ်တံဆိပ်၏ အဆင့်မြင့်နည်းပညာဖြင့် ဆန်းသစ်တီထွင်ထားသော ထုတ်ကုန်များနှင့် အရည်အသွေးမြင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံဈေးကွက်သို့ စတင်မိတ်ဆက်သည့်အနေဖြင့် Dyson Official Product များကို Reseller အဖြစ်ရောင်းချပေးမည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Dyson by iSure Store အား ရန်ကုန်မြို့ရှိ Junction City ၌ ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ဖွင့်လှစ်ကာ စတင်ရောင်းချပေးနေပြီ ဖြစ်သည်။


ယခုဖွင့်လှစ်လိုက်သည့် Dyson by iSure Store တွင် စစ်မှန်သော Dyson ထုတ်ကုန်များကို Official Warranty နှင့် ဈေးနှုန်းသက်သာစွာ ကိုယ်တိုင်စမ်းသပ်ဝယ်ယူနိုင်ခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများ၏ ကောင်းမွန်သည့်အကြံပြု ဝန်ဆောင်မှုများ နှင့် အတူ ယုံကြည်စိတ်ချရသည့် After-Sales Support များကို တစ်နေရာတည်းတွင် လွယ်ကူအဆင်ပြေစွာ ရရှိနိုင်ခြင်း တို့ကြောင့် မြန်မာနိုင်ငံ၏ခေတ်မီအလှအပရေးရာနှင့် အဆင့်မြင့် အိမ်သုံးနည်းပညာ အခန်းကဏ္ဍကို တစ်ခေတ် ဆန်းသစ်စေမည် ဖြစ်ပါသည်။

Dyson by iSure Store တွင် Dyson ၏ နောက်ဆုံးပေါ် နည်းပညာများဖြင့် တီထွင်ထုတ်လုပ်ထားသော ဆံကေသာထိန်းသိမ်းရေးနှင့် ဆံသားအပျက်အစီးလျော့နည်းစေရန် အထောက်အကူပြု hair care ဆိုင်ရာထုတ်ကုန်များ၊ အဆင့်မြင့်နည်းပညာသုံး floor care ဆိုင်ရာသန့်ရှင်းရေးထုတ်ကုန်များနှင့် လေထုသန့်စင်ရေးဆိုင်ရာ နည်းပညာမြင့် air treatment ထုတ်ကုန်အမျိုးမျိုးကို ခင်းကျင်းပြသထားပါသည်။ ဝယ်ယူသူများအနေဖြင့် Dyson by iSure Store တွင် Dyson ၏ နောက်ဆုံးပေါ် နည်းပညာသုံး ထုတ်ကုန်များဖြစ်သည့် Dyson Airwrap i.d.™ multi-styler and dryer၊ Dyson Supersonic r™ hair dryer၊ Dyson Airwrap Co-anda2x™ multi-styler and dryer၊ Dyson Airstrait™ straightener၊ Dyson Supersonic Nural™ hair dryer နှင့် Dyson HushJet™ Purifier Compact တို့ကို Official Warranty ဖြင့် ကိုယ်တိုင်စမ်းသပ်လေ့လာပြီး ဈေးနှုန်းသက်သာစွာဖြင့် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် Dyson Vented Barrel Brush၊ Paddle Brush နှင့် Travel Wrap ကဲ့သို့သော ဆက်စပ်ပစ္စည်းများကိုလည်း တစ်နေရာတည်းတွင် စုံလင်စွာ ရရှိနိုင်ပါသည်။


a Sure Company ၏ Retail Operations Manager ဖြစ်သူ ကိုထွန်းမြင့်ဇော်က “Dyson ဆိုတာ ကမ္ဘာ့နာမည်ကြီး အမှတ်တံဆိပ် တစ်ခုဖြစ်တာကြောင့်  အခုလို မြန်မာနိုင်ငံရဲ့ ဈေးကွက်ထဲမှာ Official Product များကို Reseller အနေနဲ့ရောင်းချပေးမည့် ပထမဦးဆုံးသော Dyson by iSure Store ကို ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အထူးဂုဏ်ယူဝမ်းမြောက်ပါတယ်။ Dyson ရဲ့ လေသန့်စက်တွေ၊ ဆံပင်အလှအပဆိုင်ရာထုတ်ကုန်တွေ၊ ကြမ်းခင်းသန့်ရှင်းရေးဆိုင်ရာထုတ်ကုန်တွေ၊ လေထုသန့်စင်မှုဆိုင်ရာထုတ်ကုန်တွေကို ကိုယ်တိုင်စိတ်တိုင်းကျ စမ်းသပ်ပြီးမှ ဝယ်ယူချင်သူတွေ၊ နိုင်ငံခြားကနေ တကူးတကမှာယူရလို့ စောင့်ဆိုင်းရတဲ့အချိန်တွေ မရှိတော့ဘဲ ဈေးသက်သက်သာသာနဲ့ နိုင်ငံတကာမှာရှိတဲ့ Official Store တွေမှာ ဝယ်ရသလိုမျိုး တထပ်တည်းတူတဲ့ Dyson experience အပြည့်နဲ့ ကျွန်တော်တို့ Store မှာ လာရောက်စမ်းသပ် ကြည့်ရှုဝယ်ယူလို့ရနေပါပြီ။” လို့ ပြောသည်။

ဆိုင်ဖွင့်ပွဲအခမ်းအနားသို့ မီဒီယာများ၊ နာမည်ကြီး Influencer များ၊ အလှအပရေးရာ ဖန်တီးရှင်များနှင့် ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး၊ နာမည်ကျော် ဆံကေသာအလှ ဖန်တီးရှင်တစ်ဦးဖြစ်သူ Dennis မှလည်း Dyson ၏ အဆင့်မြင့်နည်းပညာများသည် ပရော်ဖက်ရှင်နယ် အလှအပရေးရာလောကအပေါ် သက်ရောက်မှုရှိပုံကို မျှဝေပြောကြားခဲ့ပါသည်။ “Dyson ထုတ်ကုန်တွေဟာ ဆန်းသစ်တီထွင်ထားတဲ့ နည်းပညာတွေနဲ့ ဆံကေသာပျက်စီးမှုကို လျော့နည်းစေနိုင်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာတစ်ဝန်းမှာ လူသိများပါတယ်။ ဆံသားအလှအပရေးရာနယ်ပယ်မှာ လုပ်ကိုင်နေသူတစ်ယောက်အနေနဲ့ Dyson ရဲ့ နည်းပညာနဲ့ ပေးစွမ်းနိုင်တဲ့ အတွေ့အကြုံတွေကို တကယ်တန်ဖိုးထားပါတယ်။ အခုလို မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ Dyson ထုတ်ကုန်တွေကို ကိုယ်တိုင်စမ်းသပ်ပြီး တိုက်ရိုက်ဝယ်ယူအသုံးပြုနိုင်တော့မှာ ဖြစ်တဲ့အတွက် တကယ်ကိုအဆင်ပြေပါတယ်။” ဟု Dennis က ပြောသည်။


Dyson by iSure Store ကို ရန်ကုန်မြို့ရှိ Junction City မြေညီထပ်တွင် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံဈေးကွက်အတွင်း Dyson နည်းပညာ၏ အမှတ်တံဆိပ်တည်ရှိမှုကို ပိုမိုခိုင်မာစေရန်သာမက ဝယ်ယူသူများအား အရည်အသွေးမြင့်မားပြီး စစ်မှန်ကောင်းမွန်သည့် ပရီမီယံ ဝယ်ယူမှုအတွေ့အကြုံကို အစဉ်အမြဲ ပေးအပ်သွားရန် ရည်ရွယ်ပါသည်။
Dyson ထုတ်ကုန်များနှင့်ပတ်သက်ပြီး အသေးစိတ်ကို အောက်ပါလင့်ခ်များမှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။

Dyson by iSure Official Facebook Page (https://www.facebook.com/dysonmyanmar)
Dyson by iSure Website (https://xtrasure.store/collections/dyson)

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top