TrueMoney Myanmar က ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးများရှိ COVID-19 ကပ်ရောဂါကြောင့် အကြပ်အတည်းဖြစ်နေသူများကို ထောက်ပံ့ကူညီ

TrueMoney-1.jpg

COVID-19 ကပ်ရောဂါဖြစ်ပွားနေခြင်းကြောင့် အခုကာလက ကမ္ဘာတစ်ဝှမ်းလုံးတွင် ခက်ခဲကြပ်တည်းနေသောကာလဖြစ်‌ပြီး မတူညီသော အဖွဲ့အစည်းများမှ ကူညီထောက်ပံ့ရေး လုပ်ဆောင်ချက်များကို အဆက်မပြတ် ဆောင်ရွက်လျက်ရှိကြပါတယ်။ TrueMoney Myanmar အနေဖြင့်လည်း ဒီကဏ္ဍ တစ်စိတ်တစ်ပိုင်းမှ ပါဝင်ခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိရင်းနဲ့ ရန်ကုန်မြို့ရှိ We Love Yangon အဖွဲ့၊ မန္တလေးမြို့အခြေစိုက် မနော်ကြာဖြူပရဟိတအဖွဲ့တို့နှင့် ပူးပေါင်းပြီး ၂၀၂၀ ခုနှစ် ဇွန် ၁ ရက်နေ့မှ ဇွန် ၉ ရက်နေ့အတွင်း ရန်ကုန်၊ ပဲခူးနှင့် မန္တလေးမြို့များက ဆင်းရဲချို့တဲ့ပြီး အကူအညီလိုအပ်နေသူများကို အစားအသောက်နှင့် အခြားလိုအပ်သည့်ပစ္စည်းများကို လှူဒါန်းခဲ့ပါတယ်။

ွှTrueMoney Myammar က COVIDကာလအတွင်းမှာ မြန်မာပြည်သူပြည်သားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတာပါ။ လူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို နားလည်သဘောပေါက်ထားပြီး လူ့အဖွဲ့အစည်းရဲ့ ကြပ်တည်းနေတဲ့ ကဏ္ဍတွေကို ကူညီဖို့အတွက် ပရဟိတလုပ်ငန်းတွေနဲ့ အခုလိုပူးပေါင်းလုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။ အစားအသောက်ပေးဝေရေးအပြင် COVID-19 ဒဏ်ကြောင့် အထိနာသွားတဲ့ တစ်ဦးတစ်ယောက်ချင်းစီနဲ့ အဖွဲ့အစည်းတွေကို ကူညီပေးဖို့ရည်သန်တဲ့ ဒီလိုမွန်မြတ်တဲ့အလှူမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်လို့လည်း TrueMoney Myanmar က ဆိုပါတယ်။

We Love Yangon ကလည်း TrueMoney ရဲ့ စိတ်အားထက်သန်စွာ ပါဝင်ကူညီပေးတဲ့အတွက် ဝမ်းမြောက်မိကြောင်း၊ ဝင်ငွေနည်းပါးပြီး COVID-19 ကပ်ရောဂါကြောင့် အရမ်းကိုအခက်အခဲဖြစ်နေတဲ့ အခြေခံ မိသားစုတွေကိုထောက်ပံ့ပေးနိုင်ဖို့ ပါဝင်အကျိုးပြုပေးခဲ့တဲ့ TrueMoney ကို We Love Yangon အဖွဲ့အစည်းကိုယ်စားလည်း အထူးကျေးဇူးတင်ကြောင်း၊ပည်တွင်းလူ့အဖွဲ့အစည်းရဲ့ဘဝတွေကို မြှင့်တင့်ပေးပြီး လူထုကို ကောင်းသောပြောင်းလဲမှုတွေ ယူဆောင်လာပေးဖို့ We Love Yangon က အမြဲကြိုးပမ်းလျက် ရှိကြောင်း ဆိုပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top