သမိုင်းတစ်လျှောက် အကောင်းဆုံးနှင့် အမြင့်မားဆုံး အဆင့်မြှင့်တင်ပေးထားသည့် realme C55 ကို မတ်လ (၂၂) ရက်နေ့တွင် မိတ်ဆက်မည်

16.3.2023-yyl-iamge-1.png

(Pre-order) ကြိုတင်အမှာများကို စတင်လက်ခံပေးလျက်ရှိ

လူတိုင်းဘဝတွင် မိမိတို့၏ဘဝကို ထင်ဟပ်ခွန်အားပေးနိုင်သည့် ချန်ပီယံများစွာ ရှိနေတတ်ကြသည်။ အမှန်ဆိုရလျှင် ချန်ပီယံဆိုသည့် ဂုဏ်ပုဒ် မဖြစ်ပေါ်သေးသည့်အချိန်တွင် ဘဝ၏ချန်ပီယံများမှာ သုညအခြေအနေမျိုးမှ အခြေပြုကာ တဖြည်းဖြည်းချင်းတည်ဆောက်ပြီး အထွဋ်အထိပ်သို့ တက်လှမ်းလာကြခြင်းသာဖြစ်သည်။ မဆုတ်မနစ်စိတ်ဓာတ်မျိုးဖြင့် ကြိုးစားတည်ဆောက်ပြီး ကန့်သတ်ချက်များကို ချိုးဖြတ်ကျော်လွှားကာ တက်လှမ်းလာကြခြင်းဖြစ်သည်။ ချန်ပီယံများသည် အသစ်အဆန်း သို့မဟုတ် စိတ်လှုပ်ရှားစရာ တစ်ခုခုကို ကျွန်ုပ်တို့အတွက် အမြဲလိုလို ဆောင်ကြဉ်းပေးလာတတ်ကြသည်။

ချန်ပီယံတို့၏အစဉ်အလာအတိုင်း realme ၏သမိုင်းတစ်လျှောက် အကောင်းဆုံးသောချန်ပီယံ C Series ထုတ်ကုန်သစ်ဖြစ်သည့် realme C55 ကို လာမည့် မတ်လ (၂၂) ရက်တွင် မိတ်ဆက်ပေးတော့မည်ဖြစ်သည်။ ထို့အပြင် realme C55 အတွက် ကြိုတင်အမှာ (Pre-order) များကိုလည်း မြန်မာတစ်နိုင်ငံလုံးရှိ realme အရောင်းဆိုင်ကြီးများတွင် စရံငွေ (၃၀၀၀၀) ကျပ်ပေးသွင်းရုံဖြင့် ရယူနိုင်ပြီဖြစ်သလို ကြိုတင်မှာယူသူများအနေဖြင့် Sport Water Bottle နှင့် (ပြန်အမ်းငွေ ၁၀၀၀၀ ကျပ်) တို့ကိုခံစားရယူနိုင်မည်ဖြစ်သည်။

ချန်ပီယံဟု တင်စားထားသည့်အတိုင်း realme C55 ကို အကောင်းဆုံး hardware ပိုင်းနှင့် software ပိုင်းတို့ကို ပေါင်းစပ်ထည့်သွင်းထားပြီး Champion 256GB သိုလှောင်နိုင်မှုနှင့်အတူ 64MP Champion Camera ကိုပါ ထည့်သွင်းပေးထားသည်။ မူလပါဝင်သည့် 8GB RAM ပမာဏကိုလည်း Dynamic RAM Expansion နည်းပညာပံ့ပိုးပေးထားခြင်းကြောင့် စုစုပေါင်း 16GB RAM ပမာဏအထိ အသုံးပြုနိုင်စေမည်ဖြစ်သည်။ Design ပိုင်းတွင်လည်း တီထွင်ဆန်းသစ်မှုအပြည့်ရှိသည့် မိုးစက်ကလေးမျာ းကျနေသည့်အသွင်မျိုးအဖြစ် ဖန်တီးပေးထားပြီး ရွှေရောင်အသွင် Sunshower အရောင်နှင့် အနက်ရောင်အသွင် Rainy Night အရောင်တို့ကို ရွေးချယ်နိုင်သည်။

ကြီးမားသည့် ၆.၇၂ လက်မ အရွယ်အစားမျက်နှာပြင်တွင် 90Hz Refresh Rate နှင့်အတူ FullHD ရုပ်ထွက်အရည်အသွေးကိုပါ ထောက်ပံ့ပေးထားသည့် ပထမဆုံး C Series လည်းဖြစ်လာမည်ဖြစ်သည်။ စွမ်းဆောင်ရည်ပိုင်းအတွက် Gaming အတွေ့အကြုံပိုမိုပေးနိုင်စေမည့် Helio G88 Chipset ကို ထည့်သွင်းအသုံးပြုပေးထားသည့်အပြင် အားသွင်းမြန်ဆန်စေမည့် 33W အားသွင်းစနစ်ကိုပါ ပထမဆုံးအဖြစ် ထည့်သွင်းပေးထားခြင်းကြောင့် 5000 mAh ဘက်ထရီကို တစ်နာရီကျော်ကျော်နှင့် အားအပြည့်သွင်းပေးနိုင်စေမည်ဖြစ်သည်။

ထူးခြားမှုတစ်ခုအဖြစ် realme C55 တွင် Mini Capsule ဟုခေါ်သည့် feature သစ်တစ်ခုပါဝင်လာမည်ဖြစ်ပြီး Punch-hole Selfie ကင်မရာဘေးနှစ်ဘက်သို့ ပြန်ကားထွက်သွားမည့် အချက်အလက်ပြ Noti စနစ်ကို ထိတွေ့သုံးစွဲနိုင်မည်ဖြစ်သည်။ အဆိုပါ Mini Capsule မှတစ်ဆင့် ဖုန်းအားသွင်းခြင်း၊ Data သုံးစွဲခြင်း အစရှိသည်တို့ကို Noti အဖြစ် သက်ဝင်လှုပ်ရှားစွာ ပြသပေးမည်ဖြစ်သည်။ ထုတ်ကုန်ဆောင်ပုဒ်ဖြစ်သည့် “256 နဲ့ပြိုင်ဘက်ကင်း၊ 64 နဲ့ကြည်တောက်ရှင်း” ဟုခေါ်ဆိုသုံးနှုန်းထားသော realme C55 ကိုမိတ်ဆက်ပေးမည့် မတ်လ (၂၂) ရက်နောက်ပိုင်းမှစတင်ကာ ဈေးကွက်တွင်အမြန်ဆုံး ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top